ဩဂုတ် ၂
အီတလီဂေါက်သီးရိုက်ကစားသမား မိုလီနာရီနှင့် အိုင်ယာလန်ဂေါက်သီးရိုက်ကစားသမား ဟာရင်တန်တို့သည် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် PGA Championship ဂေါက်သီးရိုက်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
လာမည့် ဩဂုတ် ပထမပတ်အတွင်း ကျင်းပမည့် PGA Championship သည် ယခုနှစ် ဂေါက်သီးရိုက်ရာသီတွင် ကျင်းပမည့် အဓိကပြိုင်ပွဲဖြစ်သကဲ့သို့ နာမည်ကြီး ဂေါက်သီးရိုက်ကစားသမားအများစု ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။
မိုလီနာရီနှင့် ဟာရင်တန်တို့သည် ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်သည့်အတွက် ပြိုင်ပွဲစီစဉ်သူများက စိတ်မကောင်းဖြစ်နေသော်လည်း ကမ္ဘာ့အဆင့် ၁၀ အတွင်း ရပ်တည်နေသည့် ဂေါက်သီးရိုက်ကစားသမား အများစု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပြိုင်ပွဲအတွင်း အကြိတ်အနယ်ဖြစ်လာနိုင်သည်။
ထို့ပြင် ပြိုင်ပွဲကျင်းပရေးကော်မတီက ဟာရင်တန်နှင့် မိုလီနာရီတို့၏နေရာတွင် အမေရိကန်ဂေါက်သီးရိုက် ကစားသမားများဖြစ်ကြသည့် တေလာဂို့ချ်နှင့် ထရိုင်မာရစ်တို့ကို အစားထိုးခဲ့ကြောင်း သိရသည်။
(သူရိန်)