ဩဂုတ် ၂
ပြင်သစ်လိဂ်ဖလား (Couple de La Ligue) ရရှိခဲ့တဲ့ PSG အသင်းရဲ့ ကွင်းလယ်ကစားသမား ဆာရာဗီးယားက ချန်ပီယံလိဂ်ဖလားပွဲစဉ်ကစားဖို့လဲ ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီလို့ Canal+Sportနဲ့ တွေ့ဆုံရာမှာပြောကြားသွားခဲ့ပါတယ်။
PSG အသင်းဟာ ဩဂုတ်လ ၁ ရက်နေ့ အစောပိုင်းက ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ဗိုလ်လုပွဲ ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်းနဲ့ နာကျင်အချိန်ပိုတွေမှာပင် သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာတွင် လိုင်ယွန်ကိုအနိုင်ရခဲ့တာပါ။ ဒါကြောင့် PSG အသင်းဟာ ပြင်သစ်လိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ပြည်တွင်းဖလားလေးလုံးကိုပိုင်ဆိုင်ခဲ့ပါပြီ။ နောက်ချန်ပီယံလိဂ်ဆုဖလားရနိုင်တဲ့လမ်းကြောင်းပေါ်မှာရှိနေဆဲပါ။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို အတ္တလန်တာနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမှာပါ။ ဆာရာဘီးယားက လိုင်ယွန်နဲ့ ဖလားလုပွဲကစားရတဲ့အကြောင်းကို “ဒီပွဲစဉ်က တကယ့်ကို ခက်ခဲတဲ့ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ဒီရာသီမှာ ဖလားလေးလုံးရရှိခဲ့ပါတယ်ဆိုတာ အမှန်ပါပဲ၊ ဒီနိုင်ပွဲက ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့စည်းချက်တွေ၊ ကစားကွက်တွေရရှိပိုင်ဆိုင်ထားဖို့လိုပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ ယုံကြည်မှုပိုရှိလာပါတယ်။ အခုကျွန်တော်တို့ အတ္တလန်တာအသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက်၊ ရုပ်ပိုင်းကြံ့ခိုင်မှု၊ စိတ်ပိုင်း ကြံ့ခိုင်မှုတွေနဲ့အဆင်သင့်ဖြစ်နေပြီလို့” ပွဲပြီးပြောကြားခဲ့ပါတယ်။ နည်းပြတူချယ်ရဲ့ PSG အသင်းဟာ တိုက်စစ်မှူး အမ်ဘာပေမပါဘဲ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို ကစားသွား ရဖွယ်ရှိနေပါတယ်။ PSG တို့ လက်ရှိရာသီမှာ ဆုဖလားလေးလုံးနဲ့ရပ်မလား၊ ငါးလုံးများရနိုင်မလားဆိုတာ တော့ စောင့်မျှော်ကြည့်ရတော့မှာပါ။
(SO)