နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှု

ရန်ကုန်၊ ဩဂုတ် ၁


မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းများ တွင်ကျယ်လာသကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာသည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ လူမှုကွန်ရက်တည်ဆောက် ဆက်သွယ်သုံးခြင်းကြောင့် မိမိဘဝအတွက် ထိရောက်မည့် အတတ်ပညာ၊ နည်းပညာတို့အကျိုးရှိစွာ အသုံးချမည်ဟုမျှော်လင့်သော်လည်း အခြားဆိုရှယ်လူမှုကွန်ရက်များတွင်သာ အချိန်ဖြုန်းလာကြသည်။ 

လူမှုကွန်ရက်များကို ကျယ်ပြန့်စွာသုံးစွဲခြင်းသည် ပြည်သူများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ လူမှုကွန်ရက်များသည် ပြည်သူများအတွက် ရတနာတစ်ခုဟု ဆိုနိုင်သော်လည်း လွဲမှားစွာအသုံးချမှု၊ အကျိုးမရှိသော ကိစ္စရပ်များတွင် သုံးစွဲနေမှုသည် တိုးတက်မှုကို ယုတ်လျော့စေသည်ကို သတိပြုမိသည်။ နည်းပညာများ၏ လျင်မြန်စွာပြောင်းလဲလာမှုကိုအသုံးချ၍ မကောင်းမြင်ဝါဒများကို သွတ်သွင်းရာတွင် တုံ့ပြန်မှုများက မြန်ဆန်လာကြပြီး သုံးစွဲသူများဘက်က ဆင်ခြင်ဉာဏ် အသိကိုထိန်းချုပ်၍ အွန်လိုင်းပဋိပက္ခများဖြစ်ပေါ်မှုကို လျော့နည်းစေမည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်း ကြုံတွေ့ခဲ့ရသော ရေဘေးသင့်ချိန်တွင် လူမှုကွန်ရက်များ၏ စွမ်းဆောင်မှုကြောင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်မှာ မိုဘိုင်းလ်ဖုန်း၏သုံးစွဲသူကို အကျိုးကျေးဇူးများလှပေသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ မည်သည့်ပါတီ၊ မည်သည့်ကိုယ်စားလှယ်လောင်းများကို မဲပေးမည်ဆိုသည် တို့ကို လူမှုကွန်ရက်စာမျက်နှာများတည်ထောင်၍ မဲဆန္ဒရှင်များကို မဲဆွယ်အသိပေးလာကြသည်။

နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်းချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူ ပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်သည်။ လူမှုကွန်ရက်များက လူအများထိတ်လန့်တကြားဖြစ်စေ သည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများလွှင့်တင်၍ ဝါဒဖြန့်လှုံ့ဆော်မှုများ များပြားလာသည်။ 

သို့ဖြစ်ရာ လောကလူသားတစ်ယောက်အနေဖြင့် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ်ကြ၍ အကောင်း၊ အဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားသိရှိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်းဆင်ခြင်သင့်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ