နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်များ ယာဉ်တစ်စီးလျှင် ၂၄ ဦးခန့်သာ တင်ဆောင်တော့မည်

ရန်ကုန် ဧပြီ ၁၅ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ YBS ယာဉ်လိုင်းများပေါ်တွင် သတ်မှတ်ထားသော အကွာအဝေးအတိုင်း စီးနင်းရမည်ဖြစ်ပြီး ယာဉ်တစ်စီးလျှင် ၂၄ ဦးခန့်သာ တင်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ပြင် စီးနင်းလိုက်ပါမည့် ခရီးသည်တိုင်း Mask တပ်ဆင်ရမည်ဖြစ်ပြီး Mask မတပ်ဆင်ပါက ကားစီးခွင့် ရှိမည်မဟုတ်သည့်အပြင် ကားပေါ်တက်စဉ် တစ်ကြိမ်၊ ကားပေါ်မှဆင်းလျှင်တစ်ကြိမ် Hand Gel ဖြင့် လက်ကို ဆေးကြောရမည်လည်း ဖြစ်သည်။ ယခုကဲ့သို့ ညွှန်ကြားထားသည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် Mask များ မရှိပါက ယာဉ်ပေါ်တွင် ဝယ်ယူတပ်ဆင်နိုင်မည်ဖြစ်ပြီး မဝယ်ယူလိုပါကလည်း ယာဉ်မောင်းသူများက Mask ကို အခမဲ့တပ်ဆင်ပေးသွား မည်ဟု Power Eleven ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။ လက်ရှိတွင် YBS ယာဉ်လိုင်းများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မိမိတို့၏ ယာဉ်အတွင်းအပြင်ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ယာဉ်မောင်းနှင်သူများကိုယ်တိုင် Mask များ တပ်ဆင် မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ