နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Medical Center Yangon ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန် ဧပြီ ၁၅ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ Covid - 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် Medical Center Yangon ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်သည်။ အစည်းအဝေးတွင် ဝန်ကြီးချုပ်အား ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူ များက Medical Center Yangon တွင် ကျန်းမာရေးပစ္စည်းများ တပ်ဆင်ဆောင်ရွက်နေမှု၊ လူနာခန်းများဖွဲ့စည်းပြင်ဆင်နေမှု၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်က Medical Center Yangon ကို အကောင်းမွန်ဆုံးပြင်ဆင်ဆောင်ရွက်၍ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည်များကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ