နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်မှု ကာကွယ်ရန် ရန်ကုန်ဆေးရုံကြီး၌ ဧည့်တွေ့ခွင့်ရပ်

ရန်ကုန် ဧပြီ ၁၅ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအား ဝင်ရောက်တွေ့ဆုံခွင့် (ဧည့်တွေ့ချိန်) ကို ဧပြီ ၁၄ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ကြောင်း ယင်းဆေးရုံကြီးက ထုတ်ပြန်သည်။ ယခင်ကဧည့်တွေ့ချိန်ကို နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ သတ်မှတ်ခွင့်ပြုခဲ့သည်။ ယခုအချိန်သည် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သဖြင့် ယခုကဲ့သို့ ဧည့်တွေ့ချိန်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့်လူနာရှင်များအနေဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအတွင်းသို့ လူနာနှင့် လူနာစောင့် ၂ ဦးမှလွဲ၍ မည်သည့်ဧည့်သည်ကိုမျှ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါကြောင်းနှင့် ပူးပေါင်းကူညီပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ထုတ်ပြန်ထားသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ