နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
LMA တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုရ ယာဂင်ကလော့ကို ဖာဂူဆန် ချီးကျူး

ဇူလိုင်   ၃၁


နည်းပြ ယာဂင်ကလော့ဟာ အောင်မြင်မှုနဲ့ နှစ် ၃၀ ကြာဝေးကွာနေတဲ့ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလားရအောင်စွမ်းဆောင်ပေးခဲ့နိုင်တာကြောင့် LMA တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုကိုရရှိခဲ့ပါ တယ်။ လီဗာပူးလ်အသင်း ရှုံးပွဲသုံးပွဲသာရှုံးခဲ့ပြီး ရမှတ် ၉၉ မှတ်ရအောင်စွမ်းဆောင်ခဲ့တာကြောင့် ကလော့ဟာ အဲလက်စ်ဖာဂူဆန်နာမည်ပါတဲ့ဆုကိုရရှိခဲ့တာပါ။ ဖာဂူဆန်က ကလော့ထံဗီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့ပြီး လီဗာပူးလ် ချန်ပီယံဖြစ်တဲ့အချိန်မှာ ဖုန်းဆက်အသိပေးခဲ့ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

“ယာဂန်ကလော့ရေတကယ်ကိုဆန်းကြယ်ပါတယ်၊ လွန်ခဲ့တဲ့ ၁၆ နှစ်ကြာမှ  ချန်ပီယံရှစ်ကို လိဒ်ယူနိုက်တက် ဆွတ်ခူးသွားသလို၊ လီဗာပူးလ်ကလည်း နှစ် ၃၀ ကြာမှ ချန်ပီယံဆုကိုရခဲ့တာမယုံနိုင်စရာပါ။  တကယ်ကို ထိုက်တန်ပါတယ်၊ အသင်းရဲ့စွမ်းဆောင်ရည်တွေကတကယ်ထူးချွန်ပါတယ်။ မင်းတို့အသင်းဟာ အံ့ဩစရာ ကောင်းလောက်အောင် ကောင်းမွန်ပါတယ်လို့ငါထင်တယ်။ ချန်ပီယံဖြစ်တာကိုလှမ်းပြောဖို့ နံနက် ၃ နာရီ အစောကြီး  ငါ့ကိုနှိုးတာကို ငါခွင့်လွှတ်ပါတယ်။ ကျေးဇူးလဲတင်ပါတယ်။  မင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့တကယ် ထိုက်တန်ပါတယ်”လို့ ကလော့ကိုပြောခဲ့ပါတယ်။  ကျွန်တော်နဲ့ အဲလက်စ်ဖာဂူဆန်တို့ကြား ဒီလိုရင်းနှီးမှုတွေ ရှိပါတယ်။ သူ့ရဲ့နာမည်ပါတဲ့ဆုကိုကိုင်ထားတုန်းက ဒီလိုဂုဏ်ပြုစကားပြောခံရမယ်လို့ မတွေးမိပါဘူး။ ဒီမှာလဲ ကျွန်တော့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူရှိနေပါတယ်။ ''ကျွန်တော်ဟာ နည်းပြတစ်ယောက်အနေနဲ့ အဆင်ပြေတယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နည်းပြအဖွဲ့ဝင်တွေက ကျွန်တော့်ကို ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးအကြံဉာဏ်တွေပေးခဲ့ပါတယ်။ကျွန်တော်သူတို့နဲ့အလုပ်တွဲလုပ်ရတာ ပျော်ပါတယ်” လို့နည်းပြကလော့ကလည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။                                               

(SO)






အခြားဆက်စပ်သတင်းများ