နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ

ဇူလိုင်   ၃၁


ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တဲ့ အာဆင်နယ်အတွက် အက်ဖ်အေဖလားက ကြီးမားတဲ့ဆုလာဘ်ပါပဲ။ အာဆင်နယ်ဟာ လက်ရှိချန်ပီယံမန်စီးတီးကို ဖြတ်ကျော်နိုင်ခဲ့အပြီးမှာ ဗိုလ်စွဲဖို့ရေပန်းစားလာပါတယ်။ အက်ဖ်အေဖလားဟာလည်း အာဆင်နယ်နဲ့ကံစပ်ခဲ့တဲ့ပြိုင်ပွဲဖြစ်ပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ နောက်ဆုံး ခြောက်ကြိမ်စလုံး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ၂၀၁၇ ဗိုလ်လုပွဲမှာဆိုရင် ချယ်လ်ဆီးကိုနိုင်ပြီး ဖလားမြှောက်ကိုင်ခွင့် ရခဲ့တာပါ။ အာဆင်နယ်ဟာ ရာသီကုန်ခါနီးမှာ လီဗာပူးလ်နဲ့မန်စီးတီးကို ဆက်တိုက်နိုင်ခဲ့တာကြောင့်လည်း စိတ်ဓာတ်ပိုင်းအမြင့်ဆုံးရနေမှာပါ။ ၂၀၁၉  ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကိုဂိုးပြတ်ရှုံးခဲ့ပေမယ့် အဲဒီ တုန်းက ဟာဇက်ခြေစွမ်းပြပြီးနှစ်ဂိုးသွင်းတစ်ဂိုး ဖန်တီးပေးခဲ့လို့ပါ။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂-၂ ပွဲမှာတော့ ဒေးဗစ်လူးဝစ် ၂၆ မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရတာတောင် အာဆင်နယ်သရေကျအောင် ကစားနိုင် ခဲ့ပါတယ်။

ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအပြီးမှာ ဒီဗိုလ်လုပွဲကို ဆက်ဆင်နွှဲရတာပါ။ ဆီမီးဖိုင်နယ် မှာ မန်ယူကိုဖြတ်ကျော်လာတယ်ဆိုတာကလည်း ချယ်လ်ဆီးတို့ ကောင်းတယ်ဆိုတာထက် မန်ယူတို့ညံ့ခဲ့ လို့ပါ။ ချယ်လ်ဆီးဟာ ကိုဗစ်အလွန်ရှုံးပွဲသုံးပွဲရှိခဲ့ပါတယ်။ ချန်ပီယံလီဗာပူးလ်ကိုရှုံးတာ အပြစ်ပြောစရာ မရှိပေမယ့်  ဝက်စ်ဟမ်းနဲ့ ရှက်ဖီးကိုရှုံးတာကတော့ ချယ်လ်ဆီးရဲ့အားနည်းချက်ကို ထင်ရှားစေပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းစိတ်မချရမှုကသိသာခဲ့ပြီး ဒီရာသီထိပ်ဆုံးအသင်းတွေထဲမှာ ပေးဂိုးအများဆုံးဖြစ်ခဲ့ ပါတယ်။ လီဗာပူးလ်ကိုရှုံးခဲ့ရတဲ့ပွဲမှာဆိုရင် ချယ်လ်ဆီးခံစစ်အမှားများခဲ့ပြီး ဂိုးသမားကီပါလက်စွမ်းကျနေခဲ့ ပါတယ်။

အာဆင်နယ်ခံစစ်မှာ မူစတာဖီဒဏ်ရာရသွားလို့ ဒီပွဲလွဲရမှာဖြစ်ပေမယ့် တိုက်စစ်မှာတော့ လူစုံပါတယ်။ အူဘာမီယန်းဆိုရင် လတ်တလောဂိုးမြူးနေပါတယ်။ မန်စီးတီးနဲ့ ဆီမီးပွဲမှာနှစ်ဂိုးစလုံးသွင်းပေးခဲ့ပါတယ်။ ချယ်လ်ဆီးမှာလဲ ဂီရော့က နောက်ဆုံးခြောက်ပွဲမှာ ငါးဂိုးသွင်းပေးထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးခံစစ်က လုံးဝစိတ်မချရပါဘူး။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်(စနေ) ည ၁၁ နာရီမှာတော့ အာဆင်နယ်လ်နဲ့ ချယ်လ်ဆီး အက်ဖ်အေဖလားကြီးအပြိုင်လုကြမယ့်ပွဲကို စောင့်ကြည့်ဖို့တော့လိုမှာပါ။                               

(SO)






အခြားဆက်စပ်သတင်းများ