နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် ဧပြီ ၁၄ ဧပြီ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်ဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် နှင်းဆီ လမ်းပေါ်၌ စိုင်းလိန်(ခ)ဟိုနမ်(၂၉)နှစ် မောင်းနှင်သော SHN 4G/---- Mark II (လိုင်စင်-စိစစ်ဆဲ)ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်၌ ဆာလာအိတ်ဖြင့်ထည့်လျက် စိတ်ကြွဆေးပြား ၂၀၀,၀၀၀ ပြား၊ ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းလိန်(ခ)ဟိုနမ်(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ