နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ဆီပြန်လာချင်ပြီဖြစ်နေတဲ့ ကော်တင်ဟို

ဇူလိုင်   ၃၀


စပိန်အားကစားကလပ် ဘာစီလိုနာကိုရောက်ရှိနေတဲ့ ကော်တင်ဟိုခြေစွမ်းကောင်းတွေ မပြနိုင်တာ ကြောင့်၊ ဒဏ်ရာပြဿနာတွေကြောင့် ဘာစီမှာ ပုံမှန်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ရာသီအစမှာ ဂျာမန်အသင်း ဘန်ယန်မြူးနစ်ထံကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ရပါတယ်။


ကော်တင်ဟိုဟာ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်မှာငါးနှစ်ကြာကစားခဲ့ပြီး  ခြေစွမ်းတွေပြသနိုင်ခဲ့ တာကြောင့် ဘာစီလိုနာအသင်းထံကို ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။ အငှားခေါ်ထားတဲ့ ဘိုင်ဘန်အသင်းကလည်း သူ့ကိုအပြီးသတ်မခေါ်ချင်တာကြောင့် သူနဲ့ကိုက်ညီတဲ့အသင်းကို ရှာမလား၊ ဘာစီအသင်းမှာဘဲ ဆက်နေမလားဆိုတာကိုဆုံးဖြတ်ရတော့မှာပါ။ ကော်တင်ဟိုကိုပီအက်စ်ဂျီ၊ အာဆင်နယ်လ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့က ခေါ်ယူဖို့ကြိုးစားကြမယ်လို့ သိရှိရပါတယ်။


ကော်တင်ဟိုရဲ့ အေဂျင့်ဖြစ်သူ ဂျူရက်ဘ်ချီယန်က “ချန်ပီယံလိဂ်က ဩဂုတ်လ ၂၃ ရက်မှာ ပြီးဆုံးမှာဖြစ်တာကြောင့် ကော်တင်ဟိုရဲ့အပြောင်းအရွှေ့ကို အခိုင်အမာပြောဖို့ကခက်ခဲပါတယ်။ ကော်တင်ဟိုဟာ  ပရီးမီးယားလိဂ်ကို ပြန်သွားဖို့ ဆန္ဒရှိနေတာကို ကျွန်တော်မဖုံးကွယ်နိုင်ပါဘူး။ ပရီးမီးယားလိဂ်မှာ ကစားရတာသဘောကျတဲ့သူပါ။ ဒါကြောင့် သူ့အတွက် ပရီးမီးယားလိဂ်ဟာ ဦးစားပေးပါ။ ဘာစီမှာလဲ ဆက်နေလို့ရပါသေးတယ်။ သူဟာ ထိပ်တန်းကစားသမားပါ။ သူ့ကိုခေါ်ယူလိုတဲ့စိတ်ဝင်စားတဲ့အသင်းတွေ အများအပြားရှိနေပါတယ်” လို့ဖွင့်ပြောကြားသွားပါတယ်။    


  (SO)






အခြားဆက်စပ်သတင်းများ