နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်စုနှစ်များစွာကတည်းက လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေဖွယ်ရှိဟု ဆို

နယူးဒေလီ၊ ဇူလိုင် ၃၀


လူသားများကို ကူးစက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်မှာ ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက လင်းနို့များတွင် ကူးစက်ပျံ့နှံ့နေဖွယ်ရှိသည်ဟု သုတေသီများက သုံးသပ်ခဲ့သည်။ Covid-19 ရောဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် ၏ ရှေးအကျဆုံး ဗိုင်းရပ်စ်မျိုးကွဲတစ်ခုမှာ လွန်ခဲ့သည့် နှစ် ၄၀ မှ နှစ် ၇၀ ကြားကာလကတည်းက လင်းနို့ များတွင် ပေါ်ပေါက်ခဲ့ဖွယ်ရှိသည်ဟု သုတေသနတစ်ရပ်တွင် သုံးသပ်ထားသည်။ ကိုရိုနာဗိုင်းရပ်စ်မှာ အချိန်အတော်ကြာကတည်းက လူသားများကြားတွင် ကူးစက်ခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ယခုတွေ့ရှိမှုအရ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းတွင် တီထွင်ဖန်တီးခဲ့ပြီး ပြင်ပသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်ဆိုသော အယူအဆများကို သံသယဖြစ်စေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ 


ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ်ရောဘတ်ဆန်က ယင်းတို့အဖွဲ့၏ တွေ့ရှိချက်များကို Nature Microbiology စာစောင်တွင် ဖော်ပြခဲ့သည်။ Covid-19 ရောဂါဖြစ်စေသည့် Sars-CoV-2 ဗိုင်းရပ်စ်ဟာ အနီးစပ်ဆုံး လင်းနို့ဗိုင်းရပ်စ်များနှင့် မျိုးဗီဇချင်း အလွန်နီးစပ်နေသည်ဟု ဆိုသည်။ သို့သော် အဆိုပါဗိုင်းရပ်စ်များမှာ အချိန်ကာလအားဖြင့် ဆယ်စုနှစ်များစွာ ကွာခြားသည်။ ထို့ကြောင့် နောက်ထပ် ကပ်ဘေးများကို ကာကွယ်နိုင်ရန်အတွက် လူသားများတွင် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို စောင့်ကြည့်ရန် နှင့် လင်းနို့များတွင် ဓာတ်ခွဲနမူနာများ ပိုမိုရယူစစ်ဆေးရန် လိုအပ်သည်ဟု ယခုတွေ့ရှိမှုက ထောက်ပြနေကြောင်း ပါမောက္ခ ဒေးဗစ်ရောဘတ်ဆန်က ပြောသည်။                                                                                


KNT






အခြားဆက်စပ်သတင်းများ