နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများဖြစ်လာနိုင်သည်ဟု သတိပေးထား

ဟနွိုင်း၊ ဇူလိုင် ၃၀


ဒါနန်းမြို့နှင့်ဆက်နွှယ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပျံ့နှံ့လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ တစ်ဝန်းတွင် ကူးစက်မှုများ ရှိလာနိုင်သည်ဟု ဗီယက်နမ်အစိုးရက သတိပေးခဲ့သည်။ ၉၉ ရက်ကြာ လူနာသစ် မတွေ့ရှိခဲ့သည့် ဗီယက်နမ်နိုင်ငံမှာ လက်ရှိအချိန်တွင် အနည်းဆုံး လူနာသစ် ၃၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာသစ် အားလုံးမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့နှင့် ဆက်နွှယ်နေသည်။ ယခုရက်သတ္တအစောပိုင်းက ဒါနန်မြို့ သို့  ခရီးသည်များလာရောက်ခွင့် ပိတ်ပင်ခဲ့ပြီး ယခုအချိန်တွင် ဒါနန်မြို့ကို လုံးဝပိတ်ဆို့လိုက်ပြီဖြစ်သည်။


ဒါနန်းမြို့ကို သွားရောက်ခဲ့ဖူးသူအားလုံးကို ခြေရာခံစောင့်ကြည့်ပြီး သီးသန့်ခွဲခြားထားရန် အာဏာပိုင်များက ကြိုးစားနေသည်။ ဗီယက်နမ်နိုင်ငံ၏ ပြည်နယ်နှင့် မြို့အားလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာနိုင်သည်ဟု ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖူက သတိပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံ တစ်ဝန်းရှိ ဆေးရုံများတွင်လည်း ကာကွယ်ရေးစည်းမျဉ်းများ တိုးမြှင့်ဆောင်ရွက်ထားသကဲ့သို့ ဟနွိုင်းမြို့တွင်လည်း အများပြည်သူကြား သွားလာလှုပ်ရှားပါက နှာခေါင်းစည်းများ တပ်ဆင်ရန် တိုက်တွန်း ထားသည်။ ပြီးခဲ့သည့်အားလပ်ရက်က ဒါနန်မြို့တွင် ပြည်တွင်းခရီးသွား ၈၀၀၀၀ အထိ လာရောက်ခဲ့သည်ဟု အရာရှိများက ပြောသည်။ သို့သော် ဒါနန်းမြို့တွင် ဗိုင်းရပ်စ်တစ်ကျော့ပြန် ပေါ်ပေါက်လာသည့် အကြောင်းရင်းကို အတိအကျ မသိရသေးပေ။


KNT






အခြားဆက်စပ်သတင်းများ