နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွမ်ဘိုင်းမြို့ဒေသ ၃ ခုရှိ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူ တစ်ဝက်ကျော် ကိုဗစ် ကူးစက်ခံရ

နယူးဒေလီ၊ ဇူလိုင် ၃၀


အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့ ဒေသ ၃ ခုရှိ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်သူ တစ်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ယင်းတို့၏ခန္ဓာကိုယ်အတွင်း ပဋိပစ္စည်း ထွက်ရှိနေခြင်းကို တွေ့ရသည်ဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်ဇူလိုင်လ အစောပိုင်းက လူဦးရေထူထပ်သည့် နေရာ ၃ ခုတွင် နေထိုင်သူ ၇၀၀၀ နီးပါးကို ကျပန်းဆေးစစ်မှုလုပ်ပြီး ထွက်ပေါ်လာသည့် ရလဒ်များပေါ်တွင်အခြေခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မွမ်ဘိုင်းမြို့ရှိ ချမ်ဘူရ်၊ မာတန်ဂါ၊ ဒါဟီဆာ စသည့် ဆင်းရဲသားဒေသများတွင် နေထိုင်သူ ၅၇ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။


အဆိုပါဒေသ ၃ ခုမှာ မွမ်ဘိုင်းမြို့၏ အနောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် တည်ရှိပြီး နေထိုင်သူ ၁.၅ သန်း ရှိသည်။ ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ မွမ်ဘိုင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၁၈၇ ဦး ရှိခဲ့သည်။ မွမ်ဘိုင်းမြို့တွင် လူဦးရေ ၁၂.၅ သန်း နေထိုင်သည့်အနက် တစ်ဝက်ကျော်မှာ ဆင်းရဲသားရပ်ကွက်များတွင် နေထိုင်ကြသူများဖြစ်သည်။ ယခုတွေ့ရှိရသည့် စစ်တမ်းအရ မွမ်ဘိုင်းမြို့ ဆင်းရဲသားရပ်ကွက်များတွင် ကိုရိုနာဗိုင်းရပ်စ်မှာ ကူးစက်ပျံ့နှံ့ခဲ့ခြင်းမှာ ထင်ထားသည့်အချိန်ထက် ပိုစောဖွယ်ရှိသည်။ အဆိုပါဒေသ၏ ဆင်းရဲသားရပ်ကွက်အပြင်ဘက်တွင် နေထိုင်သူ ၁၆ ရာခိုင်နှုန်းနီးပါးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ သည်ဟု တွေ့ရှိခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ