နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်သားမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ

မြစ်သား ဧပြီ ၁၄ ဧပြီ ၁၃ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် မြစ်သားမြို့နယ်၊ ခန္တီးကြီးကျေးရွာနေ တင်ထွဋ်ခေါင်(၂၂)နှစ်အား မြစ်သားမြို့မရဲစခန်း(ပ)၁၀၁/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။ ဖြစ်စဉ်မှာ ဧပြီ ၁၀ ရက်၊ ည ၁၀ နာရီခွဲအချိန်တွင် တင်ထွဋ်ခေါင်သည် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည်လူနာများထားရှိသော နေရာသို့ရောက်ရှိလာကာ ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့အား ညစ်ညမ်းစွာဆဲဆိုခဲ့သဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ဧပြီ ၁၃ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပန်ကျေးရွာ အ.ထ.က(ခွဲ)၌ စောင့်ကြည့်လျက်ရှိသူများအနက်မှ နေမျိုးထွန်း(၃၂)နှစ်သည် ရောဂါစောင့်ကြည့်ထိန်းသိမ်း ခံနေရသည်ကို မကျေနပ်၍ အရက်သောက်စားမူးယစ်ကာ ဆဲဆိုအော်ဟစ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် နေမျိုးထွန်းအား မအီနယ်မြေရဲစခန်း(ပ)၁၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ