နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရဖွံ့ဖြိုးရေး၊ ရက်သတ္တပတ်များမှသည်

ရန်ကုန်၊ ဇူလိုင် ၃၀


မြန်မာနိုင်ငံတွင် ၅၄ သန်းကျော်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၀ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ်များဖြစ် ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။ အနာဂတ်၏သားကောင်းရတနာများသည် ယနေ့ ကလေးသူငယ်များသာဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်း ရတနာလေးများက အမှန်ဖြစ်လာမည်။

ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များ အောင်မြင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျ သည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။ သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်းမရှိပေ။ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ဩဂုတ်လကို သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ဩဂုတ်လ ပထမပတ်တွင် မိခင်နို့တိုက်ကျွေး‌ရေး၊ ဒုတိယပတ် ၌ ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

မွေးဖွားလာသော ကလေးငယ်များ မွေးစခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် လိုအပ်သည်။ မိခင်တိုင်း ကျန်းမာသန်စွမ်း၍ အန္တရာယ်ကင်းစွာမီးဖွားပေးပြီး ကျန်းမာသောအနာဂတ်မျိုးဆက်သစ် များ မွေးထုတ်ပေးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးလာမည်ဖြစ်သည်။ မိခင်နှင့် ကလေးများပတ်သက်သော ကျန်းမာရေး ပြဿနာများကိုကာကွယ်၍ရနိုင်ပြီး အထူးသဖြင့် ကျန်းမာရေးအသိအားနည်းခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ရခြင်းဖြစ်ရာ အဓိကလိုအပ်ချက်မှာ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်လာခြင်း ဖြစ်သည်။ 

ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံးခြင်း အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်း ကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုက်အဝန်းများက အထူးဂရုပြုဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ