နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Qualcomm က ကမ္ဘာ့အမြန်ဆုံးစမတ်ဖုန်းအားသွင်းနည်းပညာသစ် ကြေညာ

ဇူလိုင်    ၂၉


4500 mAh ဘက်ထရီသုံးဖုန်းတစ်လုံးကို ၁၅မိနစ်အတွင်း အားအပြည့်သွင်းနိုင်မည့် Quick Charge 5 နည်းပညာသစ်ကို Qualcomm မှ မိတ်ဆက်လိုက်သည်။


Quick Charge 5 သည် ယခင်မျိုးဆက် Quick Charge 4 ထက်သိသိသာသာ အဆင့်မြှင့်တင်ထားပြီး 100W အထိပံ့ပိုးထားကြောင်း Qualcomm ကကြေညာထားသည်။ Qualcomm ၏ နောက်ဆုံးပေါ်နည်းပညာသစ်သည် Quick Charge 4 ထက် စွမ်းအင်ထိရောက်မှု ၇၀ ရာခိုင်နှုန်းပိုကောင်းပြီး အားသွင်းရာတွင် ၄ ဆပိုမြန်စေသည်။


အားသွင်းမြန်ရုံသာမက ဘက်ထရီဘေးကင်းရေးအတွက် အားသွင်းနေချိန်တွင် ယခင်ဗားရှင်းများထက်      အပူချိန်ကို ၁၀ ဒီဂရီ ဆဲစီးယပ်စ်ပိုအေးအောင် ဖန်တီးထားကြောင်း The Verge သတင်းတွင် ဖော်ပြထားပြီးဖြစ်သည်။ Quick Charge 5 နည်းပညာသည် 4500mAh ဘက်ထရီတစ်လုံးကို အားမရှိရာမှ ၅၀ ရာခိုင်နှုန်း အားဝင်ရန် ၅ မိနစ်သာကြာမြင့်ပြီး ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည်ဖြစ်သည်။ 


ဘက်ထရီအား၅၀ ရာခိုင်နှုန်းအောက်ရှိနေချိန်တွင် ၆ စက္ကန့်တိုင်း ၁ ရာခိုင်းနှုန်း ဘက်ထရီပါဝါတက်အောင် စီစဉ်ထားသည်။ Dual Charge နည်းပညာသစ်သုံးထားသောကြောင့် ဘက်ထရီကို 2250mAh cell နှစ်ခု အဖြစ် ခွဲပြီး အားသွင်းနိုင်မည်ဖြစ်ပြီး အားသွင်းနေစဉ်အတွင်း ဗို့အားနှင့်လျှပ်စီးကြောင်း level ကို ပိုမိုထိန်းချုပ်ပေးနိုင်ရန် အဆင့်မြှင့်ထားသည့် USB PD-PPS စံကို အသုံးပြုထားသည်။ Qualcomm သည် အားသွင်းအထိန်းချပ်စ်နှစ်မျိုး ဖြစ်သည့် SMB 1396 နှင့် SMB 1398 တို့ကိုလည်း မိတ်ဆက်ပြသခဲ့သည်။ ထို ချပ်စ်သစ်များသည် 1Cell နှင့် 2 Cell ဘက်ထရီများတွင် အသုံးပြုနိုင်ပြီး Wired နှင့် Wireless အသွင်းနှစ်မျိုးလုံးပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ Snapdragon 865 နှင့် Snapdragon 865+ chipset များတွင် Quick Charge 5 ပံ့ပိုးထားသော်လည်း SMB chips သစ်ပါသည့် စမတ်ဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ