နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် ဟိုက်ဒရိုစီကလိုရိုကွင်းဆေးသောက်ခြင်းကို ဒေါ်နယ်ထရမ့် ကာကွယ်

ဝါရှင်တန်   ဇူလိုင်    ၂၉


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ပြည်သူ့ကျန်းမာရေးအရာရှိများ၏ သုံးသပ်မှုကို ဖီလာဆန့်ကျင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ကာကွယ်ရန် ဟိုက်ဒရိုစီကလိုရိုကွင်း ဆေးသောက်ခြင်းကို ကာကွယ်ပြောကြားခဲ့သည်။ ငှက်ဖျားရောဂါကုသရန် အသုံးပြုသည့် ဟိုက်ဒရိုစီကလိုရိုကွင်းဆေးကို Covid-19 ကုသမှုနည်းလမ်းအဖြစ် အသုံးမပြုကြခြင်းမှာ ယင်း၏ အကြံပေးချက်ကို လက်မခံလိုခြင်းကြောင့်ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသားဖြစ်သူက ဟိုက်ဒရိုစီကလိုရိုကွင်းဆေး၏ အာနိသင်ကို အမွှန်းတင်သည့် ရုပ်သံမှတ်တမ်းကို တွစ်တာက ပိတ်ပင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ 


သို့သော် ဟိုက်ဒရိုစီကလိုရိုကွင်းဆေးက ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်စွမ်းရှိသည်ဆိုသည့် သက်သေအထောက်အထား မတွေ့ရသေးပေ။ ဟိုက်ဒရိုစီကလိုရိုကွင်းဆေး သောက်မှုကြောင့် နှလုံးရောဂါများ ဖြစ်ပွားစေနိုင်သည်ဟု ဆေးဝါးဆိုင်ရာ စည်းမျဉ်းရေးဆွဲသူများက သတိပေးထားသည်။ ဟိုက်ဒရိုစီကလိုရိုကွင်းဆေး သောက်၍ နှလုံးခုန် မမှန်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများ ရှိလာသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဟိုက်ဒရိုစီကလိုရိုကွင်းဆေး မသောက်ကြရန် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (FDA)က သတိပေးထားသည်။                                                                                  


KNT






အခြားဆက်စပ်သတင်းများ