နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့တွင် စားသောက်ဆိုင်ထိုင် စားသောက်မှုကို ပိတ်ပင်

ဟောင်ကောင်      ဇူလိုင်  ၂၉


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်များ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်မြို့အစိုးရက ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတင်းကျပ်ဆုံး စည်းမျဉ်းများ ပြဋ္ဌာန်းခဲ့သည်။ ဇူလိုင်လ ၂၉ ရက်ကစ၍ စားသောက်ဆိုင်များတွင် စားသောက်ခြင်းကို ပိတ်ပင်ထားပြီး မတူညီသည့် အိမ်ထောင်စုနှစ်စုမှ လူတစ်ဦးစီကိုသာ တွေ့ဆုံခွင့်ပြုထားသည်။ အများပြည်သူကြား သွားလာလှုပ်ရှားချိန်တွင် နှာခေါင်းစည်းများ တပ်ဆင်ရမည်ဟု ကြေညာခဲ့သည်။ ဟောင်ကောင်မြို့မှာ အစောပိုင်းက Covid-19 ရောဂါကို တွန်းလှန်တိုက်ဖျက်ရာတွင် အောင်မြင်မှုရခဲ့သည်ဟု သတ်မှတ်ခံခဲ့ရသော်လည်း နေ့စဉ်နေ့တိုင်း ကူးစက်မှုသစ် ၁၀၀ ကျော် ရှိနေဆဲဖြစ်သည်။


ယခုလအတွင်း ဘားများ၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမများ၊ အလှပြင်ဆိုင်များတွင် တင်းကျပ်သည့် စည်းမျဉ်းများ တစ်ကျော့ပြန် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ဟောင်ကောင်မြို့တွင် စံချိန်တင်လူနာသစ်တွေ့ရှိမှုအဖြစ် ၁၄၅ ဦး၊ ပြီးခဲ့သည့်အင်္ဂါနေ့က လူနာသစ် ၁၀၆ ဦး တွေ့ရှိခဲ့သည်။ ဟောင်ကောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃ ဦး ရှိပြီး ယခုနောက်ဆုံး သေဆုံးခဲ့သူမှာ စောင့်ရှောက်ရေးဂေဟာတွင် နေထိုင်သူဖြစ်သည်။                                                                                                                             


KNT






အခြားဆက်စပ်သတင်းများ