နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်လေယာဉ်တင်သင်္ဘောပုံစံတူအရာကို အီရန်နိုင်ငံက ဒုံးကျည်ဖြင့်ပစ်ခတ်လေ့ကျင့်

တီဟီရန်    ဇူလိုင်    ၂၉


ဗျူဟာအရ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်လေယာဉ်တင်သင်္ဘောပုံစံတူ တည်ဆောက်ထားသည့်အရာကို အီရန်နိုင်ငံက ဒုံးကျည်များဖြင့် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်မှုများ ပါဝင်ခဲ့ခြင်းကြောင့် အမေရိကန်စစ်တပ်က ဒေသတွင်းအခြေစိုက်စခန်းနှစ်ခုကို ယာယီသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ အမေရိကန်နှင့် အီရန်နိုင်ငံကြား ပင်လယ်ကွေ့ဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ အီရန်နိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့ခြင်း ဖြစ်သည်။ 


အီရန်နိုင်ငံ၏ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့် အဆင်ခြင်မဲ့လုပ်ရပ်ကို အမေရိကန်ရေတပ်က ရှုတ်ချခဲ့ပြီး အကြပ်ကိုင်၊ ခြိမ်းခြောက်ရန် ကြိုးစားရာရောက်သည်ဟု အမေရိကန်ရေတပ်က မှတ်ချက်ပေးခဲ့သည်။ Prophet Mohammed 14th ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုများကို အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။ ပင်လယ်ကွေ့ဒေသတွင် ခုတ်မောင်းသွားလာလေ့ရှိသည့် အမေရိကန်လေယာဉ်တင် သင်္ဘော၏ ပုံစံတူအရာပေါ်တွင် တိုက်လေယာဉ်ပုံစံတူများလည်း ထားရှိခဲ့သည်။ ဒုံးကျည်များကို တည်နေရာအမျိုးမျိုးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်အချို့ကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ခဲ့သည်။ အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် ယူအေအီးနှင့် ကာတာနိုင်ငံအခြေစိုက်စခန်းများရှိ အမေရိကန်စစ်သည်များကို သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောသည်။                                                                        


KNT






အခြားဆက်စပ်သတင်းများ