နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာပြင်းထန်တာကြောင့် ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲနဲ့ လွဲချော်မယ့် အမ်ဘာပေ

ဇူလိုင်   ၂၉


စိန့်အက်တီယန်ကို ၁-၀ အနိုင်ရခဲ့တဲ့ ပြင်သစ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ တိုက်စစ်မှူး အမ်ဘာပေ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒဏ်ရာပြင်းထန်ကြောင်း PSG က အတည်ပြုပေးလိုက်ပါပြီ။ အမ်ဘာပေတစ်ယောက် အဲဒီဒဏ်ရာကြောင့် ဇူလိုင် ၃၁ မှာ  လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်  ပြင်သစ်လိဂ် ဖလား ဗိုလ်လုပွဲကိုပါ လွဲချော်ရဖွယ်ရှိပါတယ်။


ဒါ့အပြင် ဒဏ်ရာမသက်သာပါက ဩဂုတ်လ ၁၂ တွင် လစ်ဘွန်းမြို့မှာ  အတ္တလန္တာနှင့် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါလွဲချော်နိုင်ပါတယ်။ PSG ဟာ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ဖို့မျှော်မှန်းထားတဲ့ အသင်းပါ။ အမ်ဘာပေဒဏ်ရာမျိုးက အချိန်ပိုကြာတတ်တာကြောင့် နည်းပြ သောမတ်တူချယ်နဲ့ နောက်ခံလူ မာကွင်ဟိုတို့က စိုးရိမ်စိတ်တွေဖြစ်နေပါတယ်။ ၂၀၂၀-၂၁ ပြင်သစ်လီဂူးဘောလုံးရာသီသစ်ကို ဩဂုတ် ၂၂ ရက်တွင်စတင်မည်ဖြစ်ရာ အမ်ဘာပေဒဏ်ရာကြောင့် စိုးရိမ်စိတ်တွေဖြစ်နေကြပါတယ်။ 


အမ်ဘာပေကတော့  သူ့ဒဏ်ရာအခြေအနေကို အကောင်းမြင်ထားပါတယ်။  စိန့်အက်တီယန်အသင်းက အမ်ဘာပေကို ထိခိုက် စေခဲ့သူ လွိုက်ပါရင်က ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိကြောင်း၊ ဘောလုံးကိုဦးစားပေးကစားခြင်း ဖြစ်တယ်လို့ စိန့်အက်တီယန်နည်းပြ  ကလော်ဒီပူအဲက အခိုင်အမာပြောဆိုထားပါတယ်။ အမ်ဘာပေ ဒဏ်ရာကြောင့် လူစားလဲရသလို လွိုက်ပါရင်လည်း တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရပါတယ်။


အတ္တလန္တာ နည်းပြ ဂတ်စ်ပါရီနီက အမ်ဘာပေ ဒဏ်ရာရသွားတာစိတ်ပျက်မိကြောင်း လူစုံတက်စုံနဲ့ အင်အားတောင့်တင်း တဲ့ PSG နဲ့ ချန်ပီယံလိဂ်ပွဲမှာရင်ဆိုင်လိုခြင်းဖြစ်ကြောင်း အမ်ဘာပေဒဏ်ရာသက်သာပြီး ပြန်လည်ပါဝင် နိုင်ရန်မျှော်လင့်ပါကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။  


(SO)






အခြားဆက်စပ်သတင်းများ