နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ကွာလာလမ်ပူ    ဇူလိုင် ၂၉


‌ဒေါ်လာသန်းချီ အကျင့်ပျက်ခြစားမှုကြောင့် ရုံးတင်စစ်ဆေးမှုများအနက် ပထမဆုံး ရုံးတင်စစ်ဆေးမှုတွင် စွဲချက် ၇ ခုလုံးအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မလေးရှားတရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ သို့သော် နာဂျစ်ရာဇက်က ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း၊ ငွေကြေးခဝါချခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း စသည့်စွဲချက်များအတွက် အပြစ်မရှိဟု ထွက်ဆိုခဲ့သည်။ 


နာဂျစ်ရာဇက်၏အမှုမှာ မလေးရှားနိုင်ငံ၏ အကျင့်ပျက်ခြစားမှု တားဆီးတိုက်ဖျက်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများအတွက် စမ်းသပ်မှုတစ်ရပ်ဟု သတ်မှတ်ခံထားရသည်။ မလေးရှားနိုင်ငံ အမျိုးသားရင်းနှီး မြှုပ်နှံမှုရန်ပုံငွေ (1MDB)အရှုပ်တော်ပုံမှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံ၏ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ကာ နာဂျစ်ရာဇက်၏ UMNO ပါတီကို အာဏာရပါတီအဖြစ်မှ ပြုတ်ကျစေခဲ့သည်။ 


၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နာဂျစ်ရာဇက်ကို အာဏာအလွဲသုံးစားလုပ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ငွေကြေးခဝါချမှု၊ ယုံကြည်မှုအလွဲသုံးစားမှု စွဲချက် ၆ ခုအတွက် စွဲချက်တစ်ခုလျှင် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ သို့သော် ထောင်ဒဏ်ပြစ်ဒဏ်များကို ဆက်တိုက်ကျခံရမည်မဟုတ်ပေ။ ထို့အပြင် အယူခံဝင်မည့်ကာလအတွင်း ပြစ်ဒဏ်ကို ဆိုင်းငံ့ထားမည်ဖြစ်သည်။ နာဂျစ်ရာဇက်က တရားခံပြေး ဘဏ္ဍာရေးမတည်သူ ဂျိုလော၏ လှည့်စားမှုခံခဲ့ရသည်ဟု ထွက်ဆိုခဲ့ပြီး ယင်းအနေဖြင့် အမှားအယွင်းမလုပ်ခဲ့ဟု ငြင်းဆန်ခဲ့သည်။ ဂျိုလောကို အမေရိကန်နှင့် မလေးရှားနိုင်ငံများတွင် စွဲချက်တင်ထားသော်လည်း ယင်းက အပြစ်မရှိဟု ငြင်းဆန်ထားသည်။                                                  

KNT






အခြားဆက်စပ်သတင်းများ