နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စံချိန်စံညွှန်းမီ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်သုံးစွဲရေး

ရန်ကုန်၊ ဇူလိုင် ၂၉


လူတိုင်း သက်တမ်းစေ့အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီး ခြင်းနှင့် ထိရောက်သော ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရသည်။ ထိရောက်သော ဆေးကုသမှုတွင် ခေတ်မီ ဆေးပညာရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း အပါအဝင်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအမွေအနှစ် ဆေးပညာတစ်ရပ် ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ယဉ်ကျေးမှုရိုးရာအမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ ထုံမွှမ်းလျက်တည်တံ့နေခဲ့သော ထီးနန်းသုံး တော်ဝင်ဆေးပညာလည်းဖြစ်သည်။ ယနေ့အချိန်အခါတွင် မြို့ပြ ကျေးလက်ဒေသပြည်သူများသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါးများကို အားကိုးယုံကြည် စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်ပါးသော အစွန်အဖျားဒေသများ အထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။

ရှေးမြန်မာတိုင်းရင်းသမားတော်များ ခေတ်အဆက်ဆက် မွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှုနည်းစနစ်များ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျသုတေသနပြု ဖော်ထုတ်နိုင်မှု ကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း သဘာဝအလျောက် ပေါများစွာဖြစ်ထွန်းနေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ ရေထွက်မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူများ ကျန်းမာရေး အတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသော၊ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးထုတ်ပြန်မှုများလည်း ရှိနေသည်။ 

မြန်မာနိုင်ငံအတွင်း သဘာဝအလျောက် ပေါများစွာဖြစ်ထွန်းနေသည့် သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သည့် အဖိုးတန်ပရဆေးပင်များ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက် ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူ များ ကျန်းမာရေးအတွက် ဆေးဝါးအဖြစ်ဖော်ထုတ် သုံးစွဲလျက်ရှိသည်။ ယင်းသဘာဝအရင်းအမြစ်များ ရှားပါးမှုကာကွယ်ရန်၊ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် အမျိုးသားပရဆေးဥယျာဉ်များတွင် ဆေးဖက်ဝင် ပရဆေးပင်များ၊ ပရဆေးပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထားလျက်ရှိသည်။ မြန်မာ့တိုင်းရင်းဆေးဝါး သတ်မှတ် အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေးဝါးများကို တိုးတက်ထုတ်လုပ်        သုံးစွဲစေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ