နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသူ လက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ အိမ်တိုင်ရာရောက် ဆက်လက်၍ ဖြန့်ဝေပေး

ရန်ကုန် ဧပြီ ၁၄ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက် အတွင်း နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော လက်လုပ်လက်စားအခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ၅ မျိုးကို ဧပြီ ၁၃ ရက်၊ နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် များက အိမ်တိုင်ရာရောက် ဆက်လက်၍ လိုက်လံဖြန့်ဝေပေးသည်။ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် လက်လုပ်လက်စား အခြေခံလူတန်း စားအိမ်ထောင်စု ၃၂၇၇၉ စုရှိပြီး ဧပြီ ၁၃ ရက်တွင် အမှတ် (၁၁) ရပ်ကွက်၌ နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိ သော လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စု ၁၅၄၁ စုတို့ကို အိမ်ထောင်စုတစ်စုလျှင် အခြေခံ စားသောက်ကုန် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကိုလည်း အိမ်တိုင်ရာရောက် ဆက်လက်၍ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ မြသန္တာဝင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ