ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်သော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ နံနက် ၁၀နာရီခွဲ က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)၌ ပြည်တွင်း၊ ပြည်ပနိုင်ငံများသို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်း များမှ တာဝန်ရှိသူများက လာရောက်တွေဆုံ ၍ မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ ပြေးဆွဲလျက် ရှိသော လေကြောင်းလိုင်းများမှ Coronavirus Disease 2019 (COVID-19) ရောဂါ ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် လာရောက် တွေ့ဆုံခဲ့သည်။ မိုမြင့်မောင်