ဇူလိုင် ၂၈
ဇူလိုင် ၂၆ ရက်က စီးရီးအေရဲ့ပွဲစဉ် ၃၆ မှာ လာဇီယိုနဲ့ ဗီရိုနာတို့ပွဲမှာ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက ဟစ်ထရစ်သွင်းယူခဲ့တာကြောင့် လက်ရှိသွင်းဂိုး ၃၄ ဂိုးရရှိခဲ့တာကြောင့် စီးရီးအေဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပ ဂိုးသွင်းဘုရင်ဆုကိုပါ ပိုင်ဆိုင်နိုင်ဖို့အလားအလာကောင်းနေခဲ့ပါတယ်။
ဥရောပဂိုးသွင်းဘုရင်ဆုအတွက် ဘိုင်ယန်မြူးနစ်အသင်းမှ လီဝမ်ဒေါစကီးက ၃၄ ဂိုးသွင်းယူပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ခုဆိုရင် အီမိုဘီလီနဲ့ ဂိုးရလဒ်တူနေပါပြီ။ ဒါပေမဲ့ အီမိုဘီလီရဲ့ လာဇီယိုအသင်းက နောက်ထပ်ကစားဖို့ ၂ ပွဲကျန်ရှိနေပါသေးတယ်။
ဒါကြောင့် အီမိုဘီလီဟာ စီးရီးအေရဲ့သမိုင်းတစ်လျှောက် ၃၆ ဂိုးဖြင့်စံချိန်တင်ထားတဲ့ မိုဆက်တီ(တိုရီနို)၊ ဟီဂွါအင်(နာပိုလီ)တို့ရဲ့စံချိန်ကိုလည်း လိုက်မှီဖွယ်ရှိနေပါတယ်။ ဒါ့ပြင် အီမိုဘီလီဟာ လာဇီယိုအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၂၃ ဂိုးရှိခဲ့တာကြောင့် အသင်းရဲ့သမိုင်း တစ်လျှောက် ဂိုးအများဆုံးသွင်းသူများစာရင်းမှာ တတိယနေရာကိုရောက်ရှိနေပါတယ်။
(SO)