ဇူလိုင် ၂၇
ဘာစီလိုနာဟာ နည်းပြ ကီကေးဆက်တီယန်ဟာအသင်းမှာ ရုန်းကန်နေရတဲ့သူပါ။ ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပုံမပေါ်ပါဘူး။ ကွင်းအတွင်း၊ အပြင်ပြဿနာများနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အသင်းသားတွေနဲ့လည်း အစေးမကပ်ဖြစ်နေပါတယ်။
ဒါကြောင့်လည်း မက်ဆီက နည်းပြ ဆက်တီယန်နေရာမှာ ပရီးမီးယားလိဂ်တန်းတက်အသင်း လိဒ်ယူနိုက်တက်အသင်းနည်းပြ မာဆယ်လိုဘီအယ်ဆာကို အစားထိုးခန့်အပ်ဖို့ အသင်းကိုတောင်းဆိုလျက် ရှိပါတယ်။ ဘီအယ်ဆာဟာ လိဒ်အသင်းကို ၁၆ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည် ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဘီအယ်ဆာဟာ လက်ရှိလိဒ်ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဘီအယ်ဆာရဲ့စာချုပ်က ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်သလို ယင်းကိုထိန်းဖို့လိဒ်ယူနိုက်တက်မှာ အချိန်ကလည်းသိပ်မရှိတော့ပါ။ ဘီအယ်ဆာဟာ အသက်က ၆၅ နှစ်ရှိပါပြီ။ မက်ဆီနဲ့ ဘီအယ်ဆာက အာဂျင်တီးနားသားတွေ၊ မက်ဆီရဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
အောင်မြင်မှုတွေလဲရရှိခဲ့ပါတယ်။ နယူးဝဲလ်အိုးဘွိုင်းကွင်းကိုတောင် မာဆယ်လိုဘီယယ်ဆာကွင်းလို့တောင် အမည်ပြောင်းဂုဏ်ပြုခံရသူပါ။ ဘီအယ်ဆာဟာ ဘီဘာအို၊ မာဆေး၊ လာဇီယို၊ လိုင်လီစတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ မက်ဆီဟာ ဘီအယ်ဆာကို သူတို့အသင်းရဲ့နည်းပြဖြစ်စေချင်နေပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ ဘီအယ်ဆာထက်ကစားသမားဟောင်း ကလွိုင်းဗက်၊ PSG နည်းပြ ဟောင်းလောရန့်ဘလန့်တို့ကိုပဲ နည်းပြအဖြစ်ခန့်အပ်ချင်နေပါတယ်။ ဘီအယ်ဆာနဲ့ ဘာစီလိုနာ အပြောင်းအလဲဖြစ်ခဲ့ရင် အံ့ဩလောက်စရာဖြစ်လာမှာပါ။
ဒ်က ဘီအယ်ဆာကိုဆက်မထိန်းထားနိုင်ရင် အသင်းကြီးတစ်သင်းကခေါ်ယူသွားနိုင်ပါတယ်။ မက်ဆီအနေနဲ့ နူးကမ့်ကို နည်းပြအသစ်ရောက်ရှိလာဖို့ ဘယ်လိုတွေလုပ်သွားမှာလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
(SO)