နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာတွင် စစ်တပ်ကို စေလွှတ်နိုင်သည်ဟု ရုရှားသမ္မတ ပြော

မော်စကို ဧပြီ ၁၄ ရုရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ သိသိသာသာမြင့်တက်လာရာ COVID-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာတွင် အထောက်အပံ့ဖြစ်စေရန် စစ်တပ်ကို စေလွှတ်နိုင်သည်ဟု ရုရှားသမ္မတပူတင်က ပြောသည်။ ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း အများဆုံးကူးစက်မှုအဖြစ် COVID-19 ကူးစက်ခံရသူ ၂၅၅၈ ဦး ရှိလာခဲ့ပြီးနောက် ပူတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ ရုရှားစစ်တပ်၏ စွမ်းဆောင်ရည်မှန်သမျှကို အသုံးပြုနိုင်သည်၊ အသုံးပြုသင့်သည်ဟု ပူတင်က အစိုးရအဖွဲ့ဝန်ကြီးများကို ပြောခဲ့သည်။ ရုရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၈၃၂၈ ဦးရှိနေပြီး အများစုမှာ မော်စကိုမြို့တွင် နေထိုင်သူများဖြစ်သည်။ ''အခြေအနေက နေ့တိုင်းနီးပါး ပြောင်းလဲနေတယ်။ ကံမကောင်းချင်တော့ အကောင်းဘက်ကို ဦးတည်နေတာ မဟုတ်ပါဘူး။ နာမကျန်းဖြစ်သူ ပိုများလာတယ်။ ရောဂါပြင်းပြင်းထန်ထန် ခံစားရသူလည်း တိုးလာတယ်။ လာမယ့်သီတင်းပတ်တွေက အဆုံးအဖြတ်ဖြစ်လာမှာပါ''ဟု ပူတင်က ပြောသည်။ အီတလီ စသည့် အခြားဥရောပနိုင်ငံများတွင်လည်း COVID-19 ကူးစက်ပျံနှံ့မှုကို တုံ့ပြန်လှုပ်ရှားရာတွင် စစ်တပ်ကို အသုံးပြုခဲ့ကြောင်း ပူတင်က ထောက်ပြခဲ့သည်။ ရုရှားနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁၄၈ ဦးရှိပြီး အဆိုပါပမာဏမှာ စပိန်၊ အီတလီ၊ ပြင်သစ် စသည့် အခြားဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည်။ (KNT)






အခြားဆက်စပ်သတင်းများ