နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းနိုင်ငံမှ တောမီးလောင်ကျွမ်းမှုက ချာနိုဘိုင်းနျူကလီးယားစက်ရုံဟောင်းနှင့် နီးကပ်လာ

ကိဗ် ဧပြီ ၁၄ ယူကရိန်းနိုင်ငံမြောက်ပိုင်းတွင် ရက်ပိုင်းများစွာ လောင်ကျွမ်းနေသည့် တောမီးများမှာ ချာနိုဘိုင်းနျူကလီးယားစက်ရုံဟောင်းနှင့် ကီလိုမီတာအနည်းငယ်အကွာအဝေးအထိ ကူးစက်ပျံ့နှံ့လာကြောင်း သတင်းများက ဖော်ပြသည်။ တောမီးလောင်ကျွမ်းမှုတစ်ခုမှာ ချာနိုဘိုင်းနျူကလီးယားစက်ရုံဟောင်း တည်ရှိရာ ပရစ်ယက်မြို့သို့ ရောက်ရှိနေပြီဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမ်မီလီယာနန်ကိုက ပြောသည်။ တောမီးလောင်ကျွမ်းမှုတစ်ခုမှာ ချာနိုဘိုင်းနျူကလီးယားစက်ရုံ၏ အန္တရာယ်အများဆုံး စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားသည့်နေရာမှ ၁ ဒသမ ၂၄ မိုင်အကွာအဝေးသို့ ရောက်ရှိနေပြီဟု ယင်းကဆိုသည်။ တောမီးလောင်ကျွမ်းမှုမှာ အာဏာပိုင်များ တွက်ဆထားသည့်အတိုင်းအတာထက် ပိုကြီးမားသည်ဟု Greenpeace အဖွဲ့က ပြောသည်။ တောမီးလောင်ကျွမ်းမှုများအနက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုမှာ ဟက်တာဧက ၃၄၀၀၀ ကို ဝါးမျိုခဲ့သည်။ ဟက်တာဧက ၁၂၀၀၀ ကို ဝါးမျိုခဲ့သည့် နောက်ထပ် တောမီးတစ်ခုမှာ ချာနိုဘိုင်းနျူကလီးယားစက်ရုံမှ တစ်ကီလိုမီတာမျှသာ ကွာဝေးသည်ဟု ဆိုသည်။ ပရစ်ယက်မြို့ကို တောမီးလောင်ကျွမ်းပါက ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများအပြား ရရှိနေသည့် ပရစ်ယက်မြို့အတွက် စီးပွားရေးပြိုလဲမှု ကြုံရလိမ့်မည်ဟု ဆိုသည်။ (KNT)






အခြားဆက်စပ်သတင်းများ