နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူများ အိမ်ပြင်မထွက်စေရန် အင်ဒိုနီးရှားနိုင်ငံတွင် လူငယ်များက တစ္ဆေကဲ့သို့ ဝတ်ဆင်ပြီး ကင်းလှည့်

ဂျကာတာ ဧပြီ ၁၄ အင်ဒိုနီးရှားနိုင်ငံရှိ ရွာတစ်ရွာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးနှင့်တစ်ဦး ဝေးဝေးနေအောင် ခြောက်လှန့်သည့်အနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များက တစ္ဆေများကဲ့သို့ ဝတ်ဆင်ပြီး ကင်းလှည့် နေကြောင်း သတင်းများကဖော်ပြသည်။ ဂျာဗားကျွန်းရှိ ကီပူရွာတွင် ပြီးခဲ့သည့်လမှစတင်၍ ညအချိန်တွင် တစ္ဆေများကဲ့သို့ ဝတ်ဆင်ပြီး ကင်းလှည့်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၄၅၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၄၀၀ ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။ သို့သော် ကူးစက်ခံရသည့်အတိုင်းအတာမှာ အဆိုပါပမာဏထက် ပိုဆိုးနေမည်ကို ကျွမ်းကျင်ပညာရှင်များက စိုးရိမ်ပူပန်နေကြသည်။ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့က လူများကို အိမ်ပြင်မထွက်အောင် ခြောက်လှန့်ရန် တစ္ဆေကဲ့သို့ ဝတ်ဆင်ခဲ့ကြသော်လည်း လူများက မကြောက်သည့်အပြင် ယင်းတို့ကိုကြည့်ရန် အိမ်ပြင် ထွက်လာနေကြသည်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် တစ္ဆေကဲ့သို့ ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ကို လျှပ်တပြက် ဖြန့်ကြက်ခြင်းကြောင့် ယင်းတို့၏ရည်မှန်းချက် အကောင်အထည်ပေါ်ခဲ့ပြီး အိမ်ပြင်ထွက်သူ နည်းပါးသွားသည်ဟု ဆိုသည်။ (KNT)






အခြားဆက်စပ်သတင်းများ