နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားအစိုးရကို ဝေဖန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား ဖမ်းဆီးခံရ

ဇူလိုင် ၂၆၊ ကွာလာလမ်ပူ


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အထောက်အထားမပါဘဲ ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများအပေါ် မလေးရှားအစိုးရ၏ ဆက်ဆံမှုကို ရုပ်မြင်သံကြား အင်တာဗျူးတွင် ဝေဖန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးကို မလေးရှားနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မလေးရှားအစိုးရမှာ ကျပန်းအလုပ်လုပ်ရသည့် ပြည်ပရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများလုပ်ပြီး ခွဲခြားဆက်ဆံနေသည်ဟု Al Jazeera ရုပ်သံလိုင်း၏ မှတ်တမ်းရုပ်သံတွင် ရေဟန်ကဘီးရ်က ပြောခဲ့သည်။ ထို့ကြောင့် ယခုအခါတွင်  ရေဟန်ကဘီးရ်ကို ပြည်နှင်ဒဏ်ပေးတော့မည်ဖြစ်သည်။ မလေးရှားအစိုးရက ရွှေ့ပြောင်းလုပ်သားရာပေါင်းများစွာကို လူသားချင်းမစာမနာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဝေဖန်သူများက ပြောသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် ယခုကဲ့သို့ လုပ်ရန် လိုအပ်သည်ဟု အရာရှိများက ပြောသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များနှင့် ဘင်္ဂါလီဒုက္ခသည်များ ပါဝင်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလေးရှားနိုင်ငံတစ်ဝန်း ပိတ်ဆို့ထားသည့်ကာလအတွင်း ဖမ်းဆီးမှုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဇူလိုင်လ ၃ ရက်က ထုတ်လွှင့်ခဲ့သည့် Locked Up in Malaysia's Lockdown ရုပ်သံမှတ်တမ်းမှာ သတင်းအချက်အလက် တိကျမှုမရှိကြောင်း၊ အထင်မှားအောင် လုပ်ထားကြောင်း၊ မျှတမှုမရှိကြောင်း အရာရှိများနှင့် ဒေသခံမီဒီယာများက စောဒကတက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်လျက်ရှိသည်။ အဆိုပါရုပ်သံမှတ်တမ်းကို ထုတ်လွှင့်ပြသခဲ့ပြီးနောက် ရာဟန်ကဘီးရ်၏ အလုပ်လုပ်ခွင့်ကို ပြန်သိမ်းခဲ့ပြီး ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ကာ ပြီးခဲ့သည့်သောကြာနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရပ်ဘက်လူ့အဖွဲ့အစည်း ၂၁ ဖွဲ့ ပါဝင်သည့်အဖွဲ့က ရာဟန်ကဘီးရ်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။                  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ