ဇူလိုင် ၂၆၊ ဘာလင်
ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း ဝီဆယ်မြို့တွင် အိမ်တစ်လုံးပေါ်သို့ အလွန်ပေါ့ပါးသည့် လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ခြင်းကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ဂျာမနီနိုင်ငံ အရာရှိများက ပြောသည်။ သေဆုံးသူများကို ခွဲခြားဖော်ပြခြင်းမရှိသေးပေ။ လေယာဉ်ငယ်ပျက်ကျသည့်ဖြစ်ရပ် ကြောင့် ဒဏ်ရာရခဲ့ပြီး ကြောက်လန့်နေသည့် ကလေးငယ်တစ်ယောက်ကို ကုသပေးလျက်ရှိသည်။ အဆိုပါရဟတ်ယာဉ်ငယ်ပေါ်တွင် လူနှစ်ဦးသာ လိုက်ပါနိုင်သည်ဟု ဆိုသည်။ ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ နေအိမ်ခေါင်မိုးပေါ်တွင် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး အရေးပေါ်လုပ်သားများက မီးငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါရဟတ်ယာဉ်ငယ်မှာ မာလ်လေယာဉ်ကွင်းမှ ထွက်ခွာလာခဲ့ခြင်းဟု ဂျာမနီရဲတပ်ဖွဲ့က ပြောသည်။ သေဆုံးခဲ့သူသုံးဦး၏ ရုပ်အလောင်းများကို နေအိမ်ထပ်ခိုးအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူသုံးဦးလုံးမှာ အရွယ်ရောက်ပြီးသူများဖြစ်သည်။ မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ ပေါက်ကွဲမှုနှင့် မီးတောက်ကြီး မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ အခင်းဖြစ်ပွားသည့်နေရာအနီးတွင် လေထီးတစ်စင်းတွေ့ရှိခဲ့ပြီး လေယာဉ်၏ အရေးပေါ်ဘရိတ်စနစ်မှ ထွက်ပေါ်လာခြင်းဖြစ်ဖွယ်ရှိသည်ဟု ယုံကြည်ထားသည်။
Ref:BBC(KNT)