ဇူလိုင် ၂၆
ဘာစီလိုနာအသင်းဟာ အသင်းမှာအံမဝင်တော့တဲ့ ကစားသမားတွေနဲ့ အငှားကစားရာကနေပြန်လာတော့ မယ့် ကစားသမားတွေကိုရောင်းချဖို့ အရောင်းစာရင်းတင်လိုက်ပါပြီ၊ ရောင်းချမယ့်ကစားသမား ၁၂ ဦးခန့်ရှိ တာကြောင့် ဘောလုံးတစ်သင်းစာဖြစ်နေပါတယ်။
အဲဒီကစားသမားတွေကို စိတ်ဝင်စားတဲ့အသင်းတွေအနေနဲ့ အပြီးသော်လည်းကောင်း၊ အငှားသော် လည်းကောင်း ဝယ်ယူ၊ ငှားရမ်းနိုင်ကြောင်းပြောကြားလိုက်ပါတယ်။ ဒီကစားသမား ၁၂ ဦးစလုံးတစ်ပြိုင်နက် ရောင်းချရဖို့မလွယ်ပါဘူး၊ ရသလောက်တော့ ရောင်း၊ ငှားမှာပါ။ အဲဒီကရရှိလာမယ့်ဝင်ငွေနဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။ ဒီကစားသမားတွေရောင်းချနိုင်ခဲ့ရင် သူတို့ကိုပေးချေနေရတဲ့ လစာပမာဏတွေ အများကြီးလျော့ကျသွားမှာပါ။ အသင်းဘဏ္ဍာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ အသင်းကခေါ်ယူမယ့် ကစားသမားတချို့ကိုကမ်းလှမ်းရာမှာ ဒီ ၁၂ ယောက်ထဲက လူတွေကို အလိုက်ပေးတဲ့ပုံစံမျိုးအသုံးပြုဖို့လည်း စီစဉ်ထားပါတယ်။ ဘာစီလိုနာအတွက် ခေါင်းခဲစရာက ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့ပဲဖြစ်ပါတယ်။ လစာကများ၊ ပြောင်းရွှေ့ကြေးကလည်း တစ်နင့် တစ်ပိုးပေးထားရတာပါ။ ဘာစီလိုနာဟာ မန်စီးတီးနဲ့တစ်နှစ်စာချုပ်သာကျန်တော့တဲ့ စပိန်သားလေး လူငယ်ခံစစ်မှူး ဂါစီယာကိုခေါ်ယူဖို့ စည်းရုံးရေးဆင်းနေပါပြီ၊ မန်စီးတီးကလည်း လက်မလွှတ်ချင်ပါဘူး၊ ဒါပေမယ့် ပွဲထွက်ကစားခွင့်အာမခံချက်ပေးနိုင်တဲ့အသင်းက အနိုင်ရသွားမှာပါ။
(SO)