နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ် ပြည်တွင်းဖလား ဗိုလ်စွဲခဲ့တဲ့ PSG ရဲ့ ကံကြမ္မာဆိုး

ဇူလိုင်  ၂၆


PSG    အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်၊ ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲ ပွဲစဉ်တွေကိုကစားဖို့ ကျန်နေသေးတဲ့ အသင်းဖြစ်ပါတယ်။ PSG ဟာ ပြည်တွင်းဖလားဗိုလ်လုပွဲကို စိန်အီတီယန်အသင်းနဲ့ ဇူလိုင် ၂၅ ရက်က ယှဉ်ပြိုင်ကစားရာမှာ ပွဲချိန် ၁၄ မိနစ်မှာ နေမာရဲ့သွင်းဂိုးတစ်လုံးတည်းနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒါကြောင့် PSG ပရိသတ်တွေ အားလုံးပျော်ကြရမှာပါ။ ပျော်တော့ပျော်တယ် အပြည့်အဝတော့မပျော်ရပါဘူးတဲ့ ဘာကြောင့်လဲဆိုရင် PSG အသင်းရဲ့ အကောင်းဆုံးကစားသမားတိုက်စစ်မှူးလေ ချိုင်းထောက်နဲ့ကွင်းပြင် ကို ထွက်သွားရလို့ပါပဲ၊ အမ်ဘာပေကို စိန်အီတီယန် ခံစစ်မှူးပါရင် ခပ်ကြမ်းကြမ်းလေးဖျက်ခဲ့တာကြောင့် ဒဏ်ရာရခဲ့တာပါ။ ခံစစ်မှူး ပါရင်လည်း အနီကတ်နဲ့ ထုတ်ပယ်ခံရပါတယ်။ ခံစစ်မှူး ပါရင်ယာ အမ်ဘာပေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တယ်လို့ PSG နည်းပြနဲ့ အသင်းသားတွေက စွပ်စွဲပြောဆိုလို့ နှစ်ဖက်အသင်းသားတွေ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ရပါသေးတယ်။

     ဒီစိန့်အီတီယန်နဲ့ PSG တို့ဟာ ဒီရာသီမှာ သုံးကြိမ်တွေ့သုံးကြိမ်စလုံးမှာ အနီကတ်နဲ့ စိန့်အီတီယန်အသင်း သားဟာထုတ်ပယ်ခံရပါတယ်။  ဒီပွဲမှာဒဏ်ရာရတာက အမ်ဘာပေနဲ့ ခီဟာတို့နှစ်ဦးဖြစ်ခဲ့တာကြောင့် သူတို့ဒဏ်ရာ အခြေအနေတွေစောင့်ကြည့်ရဉီးမှာပါ။ PSG အသင်းဟာ  ဥရောပအိပ်မက်တွေအကောင် အထည်ဖော်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အသင်းပါ။ PSG ဟာ လိဂ်ဖလားမှာလိုင်ယွန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ  အတ္တလန္တာနဲ့ ယှဉ်ပြိုင်ရမှာ ဒါကြောင့် အသင်းသားတွေ စွမ်းဆောင်ရည်တွေပိုကောင်းလာအောင်၊တိုးတက်လာအောင် ကြိုးစားရဉီးမယ်ဆိုတာကို နည်းပြနဲ့ အသင်းသားအားလုံးသိနေကြပါတယ်။ ပြည်တွင်းဖလား အနိုင်ရဗိုလ်စွဲခဲ့သော်လည်း အမ်ဘာပေနဲ့ခီဟာတို့ ဒဏ်ရာကိုယ်စီရခဲ့တာကြောင့် PSG တို့ ကံကောင်းသလိုနဲ့  ကံဆိုးသွားခဲ့ရပါတယ်။                                       

(SO)






အခြားဆက်စပ်သတင်းများ