နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးအသင်း အားကစားသမားအသစ်သုံးဦး ဖြည့်ဖို့ကြိုးစားနေ

 ဇူလိုင်  ၂၆


ချယ်လ်ဆီးအသင်းက ရာသီအသစ်အတွက် အင်အားဖြည့်တင်းမှုမှာ အေဂျက်ဇ်အသင်းမှ ဟာကင်ဇီ လက်ချ်၊ လစ်ပ်ဇစ်အသင်းမှ တီမိုဗာနာ အရခေါ်ယူပြီးတဲ့နောက်မှာ လေဗာကူဆင်အသင်းက လူငယ် ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်ကိုခေါ်ယူဖို့  ဆက်လက်ကြိုးစားနေပါတယ်။

ပေါင်သန်း ၉၀ နဲ့ ဩဂုတ်လအတွင်းမှာ ချယ်လ်ဆီးကို ရောက်ရှိလာတော့မယ်လို့လဲ သတင်းထွက်နေပါပြီ၊ ချယ်လ်ဆီးကလည်း ဟာဗက်ဇ်ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရထားပါတယ်။ ကလပ် နှစ်သင်းကြားက အပြောင်းအရွှေ့ဆိုင်ရာအချက်အလက်တွေ ညှိနှိုင်းပြီးရင် လက်ရှိရာသီအကုန်လောက်မှာ အပြောင်းအရွှေ့ကို ကြေညာသွားကြမှာပါ။ ဟာဗက်ဇ်ကို ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်တို့ရဲ့ စိတ်ဝင်စားမှုလည်းခံနေရတဲ့ ကစားသမားတစ်ဦးပါ။  လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘန်းစ်က “ဟာဗက်ဇ်ဟာ အရည်အချင်း၊ အရည်အသွေးပြည့်ဝပြီး အလားအလာကောင်းမယ့်ကစားသမားပါ။ အရွယ် ကလည်း ၂၁ နှစ်သာရှိပါသေးတယ်။ ဂျာမန်ကြယ်ပွင့်တစ်ယောက်ဖြစ်သလို ရည်ရွယ်ချက်၊ ရည်မှန်းချက် ကြီးမားတဲ့ လူငယ်တစ်ယောက်ပါ။ သူ့အတွက် ချယ်ဆီးလ်ကိုပြောင်းတာက အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်လာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။                                                                    

(SO)






အခြားဆက်စပ်သတင်းများ