ဇူလိုင် ၂၆
လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် LG က ဂျပန်နည်းပညာကုမ္ပဏီ NTT DoCoMO ဖြင့် ပူးပေါင်းပြီး အလွန်ပေါ့ပါး သည့် AR မျက်မှန်တစ်မျိုးကို ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ET News သတင်းတွင် စတင်ဖော်ပြခဲ့ပြီး ထို AR မျက်မှန်သည် ၇၉ ဒသမ ၃၈ ဂရမ်သာ အလေးချိန်ရှိ ကြောင်း ဖော်ပြထားသည်။ အလွန်ပေါ့ပါးသည့် AR မျက်မှန်သည် သာမန်မျက်မှန်များထက် ပိုလေးသော်လည်း ဈေးကွက်ထဲက AR/VR မျက်မှန်များထက် အများကြီး ပိုမိုပေါ့ပါးစေသည်။
သတင်းအရ LG နှင့် NTT DoCoMo တို့သည် AR မျက်မှန်ထုတ်လုပ်မည့်အစီအစဉ်ဖြင့် ပါဝင်မည့် features များအကြောင်း ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်သည်။ အဆိုပါကုမ္ပဏီနှစ်ခုသည် 5G နှင့် LTE ကွန်ရက်ပိုင်းအတွက် လက်တွဲလုပ်ဆောင်မှုများရှိခဲ့ဖူးသည်။
AR မျက်မှန်ကို လာမည့်နှစ်ထဲတွင် ဖြန့်ချိသွားရန်ရှိနေသည်။ AR မျက်မှန်သစ်များသည် 3D လုပ်ဆောင်ချက် အသုံးပြုနိုင်မည့် Wearable Device ဖြစ်ပြီး အနာဂတ်တွင် စမတ်ဖုန်းများထက် ပိုမိုလက်တွေ့ကျသည့် ကြားခံ ဆက်သွယ်ရေးထုတ်ကုန်တစ်ခုဖြစ်လာမည်ဟု ခန့်မှန်းထားကြသည်။
(WP)