နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်

ရန်ကုန်   ဇူလိုင်  ၂၆


သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာ အကျိုးပြုဝန်းကျင်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စာရေး၊ သောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်စွမ်း ပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါ သစ်တောသစ်ပင်များလျော့နည်းလာသည်နှင့်အမျှ သဘာဝပတ် ဝန်းကျင် ပြောင်းလဲလာသဖြင့် မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့နေရသည်။

ယခုအခါ သဘာဝသစ်တောများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရပေသည်။ နိုင်ငံ ၏ လူဦးရေမြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။ သဘာဝ သစ်တောများ ကာကွယ်ထိန်းသိမ်းရန် ခက်ခဲလာသည်။ အဘယ့်ကြောင့်ဆိုသော် ကျေးရွာအများစုက နေ့စဉ်သုံး လောင်စာအတွက် ထင်းနှင့် မီးသွေးကို သစ်တောများမှ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။ သစ်တောများ ပြုန်းတီး မှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ သစ်ဝါးအလွန်၊ အကျွံခုတ်ယူခြင်း၊ သတ္တုနှင့် တွင်းထွက်များ တူးဖော် ခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း၊ အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် လောင်စာအတွက် ထင်းနှင့် မီးသွေးထုတ်ယူခြင်းသည်လည်း အဓိက ပါဝင်သည်။

သက်ဆိုင်ရာဌာနများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ထင်းအစားထိုးလောင်စာသုံးစွဲခြင်း နှင့် စွမ်းအားမြင့် မီးဖိုများသုံးစွဲခြင်းလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ ၂၄ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု သတင်းများတွင် တွေ့နေရသည်။ ဥတုရာသီ၏ အဓိကအားပြုရာဖြစ်သည့် သစ်တောသစ်ပင်များ လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့်        ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့နေရာသည်မှာ အမှန်ပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းတစ်ရပ်အဖြစ် သစ်ပင်မျိုးစုံ၊ ပျိုးပင်များကို သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ပြုစုပျိုးထောင်ထားသည်။ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်များအတွင်း သစ်ပင်စိုက်ပျိုးရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တာဝန်ရှိအဖွဲ့အစည်းများက ပူးပေါင်း၍ တစ်အုပ်တစ်မ သစ်တောများ စိုက်ပျိုးလျက်ရှိသည်။ စိုက်ခင်းများ ရှင်သန်အောင် စိုက်ပျိုးရန် လိုအပ်သကဲ့သို့ စနစ်တကျ ကြီးထွားရှင်သန်အောင် ပြုစုပျိုးထောင်ရန် လိုအပ်သည်။

ထို့ကြောင့် သစ်တော၊ သစ်ပင်များခုတ်လှဲခြင်း၊ ဖျက်ဆီးခြင်း လုံဝမပြုလုပ်နိုင်ရန် လိုအပ်နေပေရာ သစ်တော များသည် လူသားတို့အား အကျိုးပြုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုပေရာ ထိန်းသိမ်းကာကွယ်ရန်လိုအပ်ကြောင်း တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ