ရန်ကုန်၊ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ(၆)လမ်းရှိ ၁၀၇(က) နေအိမ်မှာ ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရခြင်းအကြောင်းရင်းမှာ အဆိုပါ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ်တွင် လူစောင့်မရှိဘဲ လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ထမင်းအိုးတည်ထားခဲ့ရာမှ ထမင်းပေါင်းအိုး အပူလွန်ကဲ၍ အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကပ်လျက်ရှိ နေအိမ်နှစ်လုံး၏ အိမ်နံရံများကိုလည်း မီးဟပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ မြောက်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့နှင့် လှိုင်သာယာမြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ Level-1 ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသန်းဆွေ (၆၀ နှစ်) (ဘ) ဦးစံသိန်းကို သောင်ကြီးနယ်မြေရဲစခန်းမှ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - (၁၁၂)