နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ် ကမ်းနားလမ်း Box Culvert အသစ် တည်ဆောက်

ရန်ကုန်၊  ဇူလိုင် ‌၂၆


ကျောက်တံတားမြို့နယ်၏ အဓိကမြစ်ထွက်ပေါက်ဖြစ်သော နန်းသီတာမြစ်ထွက်ပေါက်သို့ စီးဆင်းသည့် ကမ်းနားလမ်းဖြတ် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Box Culvert အဟောင်းသည် မြေသားများပိတ်ဆို့ကာ ပျက်စီးနေသဖြင့် အသစ်တည်ဆောက်ပေးလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ Box Culvert အသစ်ကို အရှည် ၆၅ ပေ၊ အကျယ် ၅ ပေ၊ အနက် ၅ ပေ ရရှိစေရန် စက်ယန္တရား အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက်ပေးလျက်ရှိကာ မော်တော်ယာဉ်များပိတ်ဆို့မှုမရှိစေရေး   အပိုင်း     ၃ ပိုင်း ခွဲကာ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၅ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်ရေစီးရေလာလုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးအေးက လုပ်ငန်းဆောင်ရွက်နေစဉ် အခက်အခဲများ၊ မြေအောက်လျှပ်စစ်ကေဘယ်ကြိုးများ ရှုပ်ထွေးစွာ တည်ရှိနေမှုနှင့် သတိထားပြီး ဆောင်ရွက်ပေးမှုများကို ရှင်းလင်းတင်ပြရာ ဘက်စုံထောင့်စုံ  အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများဖြင့် လုပ်ငန်းအဆင်ပြေစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့စဉ်။

(မောင်မောင်)






အခြားဆက်စပ်သတင်းများ