ရန်ကုန်၊ ဇူလိုင် ၂၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနက မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်က လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မာလာမြိုင်(၁၀)လမ်းတွင် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး (ခေတ္တ) ဦးဇေယျာလင်း ကြီးကြပ်မှုဖြင့် စည်ပင်သာယာကျန်းမာရေးဌာန ဝန်ထမ်းများက အိမ်ခြေ ၆၇ လုံးကို အဘိက်ဆေးများ လိုက်လံခတ်ပေးကြပြီး စုရပ်သို့လာရောက်ပေးပို့သော ခြင်ထောင်များကို ဆေးရည်များစိမ်ပေးနေကြစဉ်။
(မောင်သုည)