မိုင်းရှူး ဇူလိုင် ၂၆
နိုင်ငံတော်မှ ချမှတ်ထားသော COVID ကာလ စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းများ ပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်မယ်ကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းဘေးရေမြောင်းတူးဖော် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများမှ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးကြီးကြခဲ့စဉ်။
ငြိမ်းသူ(စလင်း)