ဇူလိုင် ၂၆
မုန်လာဥနီသည် လူကြိုက်များသည့် အသီးအနှံတစ်မျိုးဖြစ်သည်။ မုန်လာဥနီကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်သည်။
၁။အမြင်အာရုံကိုကောင်းမွန်စေခြင်း
မုန်လာဥနီသည် ဗီတာမင်အေကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကိုကောင်းမွန်စေသည်။ ထို့အပြင် ဗီတာမင် အေသည် ကြွက်သားယိုယွင်းခြင်းနှင့် မျက်စိတိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး ကြွက်သားနာကျင်ခြင်း ကိုလည်း လျော့နည်းလာစေသည်။ မုန်လာဥနီသည် မျက်စိကျန်းမာရေးကို အထောက်အကူပေးသည့် လူတိန်း ဓာတ်ကို ဖြည့်ဆည်းပေးနိုင်သော ရင်းမြစ်တစ်ခုလည်းဖြစ်သည်။
၂။နှလုံးသွေးကြောများကိုအထောက်အကူပြုခြင်း
ကာရိုတီနွိုက်ဓာတ်ကြွယ်ဝစွာပါဝင်သည့် အစားအသောက်များသည် နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်းသည်။ မုန်လာဥနီတွင် လွယ်ကူစွာပျော်ဝင်နိုင်သည့် အမျှင်ဓာတ်များပါဝင်ပြီး ပုံမှန်စားပေးမည်ဆိုပါက (မုန်လာဥနီ ဖျော်ရည် တစ်နေ့တစ်ခွက်သောက်ပေးလျှင်) ကိုလက်စထရောများကျဆင်းပြီး နှလုံးသွေးကြောများအတွက် ကောင်းမွန်စေသည်။
၃။အဆိပ်အတောက်ကိုရှင်းလင်းပေးခြင်း
ဗီတာမင်အေသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ရှင်းလင်းပေးရန်အတွက် အသည်းကို ကူညီပေးသည်။ ယင်းက အသည်းတွင်ရှိသည့် သည်းခြေရည်နှင့် အဆီကို ဖယ်ရှားပေးနိုင်သည်။ ထို့ပြင် မုန်လာဥတွင်ပါဝင်သည့် ပျော်ဝင်လွယ်သော အမျှင်ဓာတ်များမှာလည်း အူမကြီးအတွင်းပိုင်းကို ရှင်းလင်းပေးပြီး အညစ်အကြေးများ ကောင်းမွန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးသည်။
၄။ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း
မုန်လာဥနီကဲ့သို့ အမြစ်မှဖြစ်သည့် သစ်သီးသစ်ဥမျိုးကို စားသုံးခြင်းသည် မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထို့ပြင် မုန်လာဥနီထဲတွင်ပါဝင်သည့် Beta-carotene များကလည်း ဦးနှောက် အာရုံကြောစနစ်ကို အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးသည်။
(သူရိန်)