နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ပြည့်မြဲ စွမ်းအင်

ရန်ကုန်   ဇူလိုင်  ၂၅

ကျွန်ုပ်တို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် လိုအပ်သော စွမ်းအင်အမျိုးမျိုးနှင့် လောင်စာများ ရေရှည်စဉ်ဆက်မပြတ်ရရှိရန် နည်းလမ်းများ၊ သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို LNG ဖြင့် ဖြည့်ဆည်း ခြင်းနှင့် ပတ်သက်သည့် နည်းပညာနှင့် စီးပွားရေးအချက်အလက်များသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုမည်ဖြစ် သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကို အကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာ တစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။

သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာ အကျိုးပြုရာ ဝန်းကျင်ကောင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှအစ လိုအပ်ချက် ကိစ္စအဝဝကို ဖြည့်စွမ်းပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွုန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။

ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေး ရှေးရှုပြီး တီကျစ် ကောက်မီးသွေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဒီဇယ်ဖြင့် ဓာတ်အားထုတ်ခြင်းနှင့် နေရောင်ခြည် စွမ်းအင်ဖြင့် ဓာတ်အားထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားရရှိမှု ၅၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးတက် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရရှိမှု ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ရေမှရသော ရေအားလျှပ်စစ်စွမ်းအင်သည် လူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေး သည်။

နိုင်ငံ၏ လူဦးရေ၊ မြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိသည်။ တိုးပွားလာသည့်အနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုများသည် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ရေရှည်စဉ်းစားရမည့်အချက်ဖြစ်သည်။ ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့် စွန့်ပစ်လောင်စာတို့သည် သဘာဝအလျောက် ထုတ်ယူ မကုန်သည့် စွမ်းအင်များဖြစ်သည်။ ထိုစွမ်းအင်များထုတ်ယူရန် အရင်းအနှီးနှင့် နည်းပညာကျွမ်းကျင်မှု လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် လူသားတို့ အလိုရှိသော အရာအားလုံး ပေးနိုင်စွမ်းရှိ၏။

ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်းမထိခိုက်၊ စွမ်းအင်လည်း လုံလောက်စေမည့် ပြန်လည် ပြည့်မြဲစွမ်းအင်များ ထုတ်ယူနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်စေချင်ကြောင်း . .   ။             ။






အခြားဆက်စပ်သတင်းများ