ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်နှင့် တာမွေကြီး(ခ)ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် သောက်သုံးရေများ လုံလောက်စွာ ရရှိသုံးစွဲနိုင်စေရန်အတွက် ရည်ရွယ်၍ ဇူလိုင် ၂၄ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ရှိသူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက် အရှည်(၃၁၇၅)ပေရှိ 160mm Ø HDPE pipe ရေပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိစဉ်။
နိုင်လင်းအောင်(ပြန်/ဆက်)