နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တားမြစ်ဆေးသုံးစွဲမှုကြောင့် တရုတ်ရေကူးသမားပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ဇူလိုင်  ၂၅

အိုလံပစ်ရွှေတံဆိပ်သုံးဆုရှင် တရုတ်ရေကူးသမား ဆန်ယန်းအနေနဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ရေကူး ပြိုင်ပွဲများမှ ရှစ်နှစ်တာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အဲဒီလို ဆန်ယန်းအပြစ်ဒဏ်ခံရတာကို ဗြိတိန်ရေကူးသမား ဒန်ကန်စကော့က  ဆန်ယန်းဟာပြစ်ဒဏ် ချမှတ်ခံရခြင်းနဲ့ ထိုက်တန်တယ်လို့ ထောက်ခံပြောဆိုပါတယ်။ 

ဒန်ကန်စကော့ဟာ ယမန်နှစ်က တောင်ကိုးရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ရေကူးချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မီတာ ၂၀၀ အလွတ်ကူး ပြိုင်ပွဲအတွက် ဆုချီးမြှင့်အခမ်းအနားမှာ ဆန်ယန်းကို လက်ဆွဲနှုတ်ဆက်ရန်ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ “ဒီလိုပွဲ ပယ်ပြစ်ဒဏ်ချမှတ်တာကို ကျွန်တော်ထောက်ခံတယ်။ သူ့ကိုလက်ဆွဲနှုတ်မဆက်တာ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ဘူး။  အားကစားလောက သန့်ရှင်းမျှတရေးအတွက်ပါ။ သူလုပ်ခဲ့တာအတွက် ဒီပြစ်ဒဏ်က မျှတ ပါတယ်”လို့ စကော့ကဖွင့်ဟခဲ့ပါတယ်။        

(SO)






အခြားဆက်စပ်သတင်းများ