နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး အူဘာမီယန်းကို လုပ်ခလစာတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ်အသင်း ပြင်ဆင်

ဇူလိုင်   ၂၅

အာဆင်နယ်အသင်းက အသင်း၏ အဓိကတိုက်စစ်မှူး အူဘာမီယန်းကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၅၀,၀၀၀ ထိ တိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် လာမည့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သောကြောင့် အသင်းအနေဖြင့် အစောပိုင်းကတည်းက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ ပြုလုပ် ခဲ့သော်လည်း ညှိနှိုင်းမှုအဆင်မပြေဘဲ ကြန့်ကြာနေခဲ့ရသည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်း တိုက်စစ်ပိုင်း၌ အူဘာမီယန်းတစ်ဦးတည်းကိုသာ အားထားနေရသည့်အတွက် နည်းပြ အာတီတာက လက်မလွှတ်လိုသောကြောင့် စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အူဘာမီယန်းအနေဖြင့် လက်ရှိတွင် အာဆင်နယ်အသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၉၈,၀၀၀ သာ ရရှိနေရာ အသင်းက လုပ်ခလစာတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။          

(သူရိန်)






အခြားဆက်စပ်သတင်းများ