နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါဆုဖလားအတွက် ပဲ့ကိုင်ရှင်နဲ့ အဓိကကျသူသုံးဦး

ဇူလိုင်  ၂၅

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ ခြေစမ်းပွဲကစားကြရာမှ မက်ဒရစ်တို့  ၃-၇ ဂိုးနဲ့ အရှုံးကြီးရှုံးခဲ့ရပါတယ်။ ခြေစမ်းပွဲအပြီးမှာ ဇီဒန်းက “ရီးရဲလ်မက်ဒရစ်အသင်းကို တကယ့်ပြိုင်ဆိုင်မှုပွဲတွေမှာသာ ကြည့်လိုက်ပါလို့” ကြုံးဝါးခဲ့ပါတယ်။ လာလီဂါ ရာသီစတင်ချိန်မှာတော့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံးထိန်းကျောင်းပြခဲ့ပြီး နောက်ဆုံးမှာတော့ လာလီဂါဖလားကိုရအာင်ထိပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒုတိယနေရာက ဘာစီလိုနာအသင်းကို ငါးမှတ်ဖြတ်ပြီး အမှတ်ပေါင်း ၈၇ မှတ်နဲ့  လာလီဂါဖလားကို ရယူနိုင်ခဲ့တာပါ။ ဒီဖလားရရှိစေတဲ့အကြောင်းရင်းခံကတော့ အက်သလက် တီကိုနဲ့ ခြေစမ်းပွဲအရှုံးကစခဲ့တာလို့ ဆိုရမှာပါ။ ခြေစမ်းပွဲမှာ အရှက်ရအောင်ရှုံးနိမ့်ခဲ့တဲ့အသင်းကို ပြန်လည် ပြင်ဆင်တည့်မတ် ထိန်းကျောင်းပေးနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အသင်းသားတွေရဲ့ စိတ်ခွန်အားတွေ တက်ကြွအောင်ဖန်တီးပေးခဲ့ပါတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် ပြန်တင်ပေးခဲ့ပါတယ်။ ဇီဒန်း ရဲ့ နည်းစနစ်တွေ၊ ကစားဟန်တွေအတွက် အသင်းသားအားလုံး နည်းပြကြီးကို ချီးကျူးမဆုံး ဖြစ်ခဲ့ရပါတယ်။

ရာမို့စ်က “ဇီဒန်းဟာ  ကျွန်တော်တို့အတွက်  အဓိကပါပဲ။  သူကအသင်းကို လမ်းကြောင်းတစ်ခု ပြနိုင်ခဲ့ပါတယ်။ ကစားသမားတွေအကုန်လုံးကိုလည်း သူ့ရဲ့ယုံကြည်မှုကို ပြသနိုင်ခဲ့ပါတယ်။ တခြားနည်းပြ တွေက ဒီလိုမရှိပါဘူး၊ ကျွန်တော်တို့ကလဲ သူ့ကိုယုံပါတယ်”လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် လာလီဂါဖလားရရှိဖို့ အဓိကကျသူတစ်ဦးကတော့ ဆာဂျီယိုရာမို့စ်ပါပဲ၊ အသင်းကိုသူဉီးဆောင်ပြီးသူအတွေ့ အကြုံတွေနဲ့ ခံစစ်ကို ကောင်းကောင်းထိန်းနိုင်ခဲ့ပါတယ်။

တိုက်စစ်မှာလည်း အားဖြည့်ကူညီခဲ့ကာ ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီ လာလီဂါသွင်းဂိုး ၁၀ ဂိုးရရှိခဲ့ပါတယ်။ ပင်နယ်တီကိုလည်း သူဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ နောက်တန်းသမားက တစ်ရာသီမှာ ၁၀ ဂိုးထိသွင်းယူနိုင်တယ်ဆိုတာ တကယ်အံ့ဩစရာပါ။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကကျတဲ့ကစားသမားနောက်တစ်ဦးကတော့ တိုက်စစ် မှူးဘန်ဇီးမားပါ။  ဘန်ဇီးမားဟာ ဒီရာသီမှာ စုစုပေါင်း ၂၁ ဂိုးသွင်းယူထားပါတယ်။ မက်ဆီ ၂၅ ဂိုးပြီးရင် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အသက် ၃၂ နှစ် တိုက်စစ်မှူးတစ်ဉီးအတွက် အခုဂိုးသွင်းနှုန်းဟာ တော်တော်လေးကောင်းတယ်လို့ ပြောရမှာပါ။

ရီးရဲလ်အတွက်အရေးပါတဲ့ နောက်တစ်ဦးကတော့ ဂိုးသမားကော်တွိုက်စ်ပါပဲ၊ သူရဲ့လက်စွမ်း အတက်အကျတွေကြောင့် ရာသီအစမှာ စိတ်ပူခဲ့ကြပေမယ့် နောက်ပိုင်းမှာ အတည်ငြိမ်ဆုံးလက်စွမ်းတွေနဲ့ ရီးရဲလ်ရဲ့ဂိုးပေါက်ကို အကောင်းဆုံးပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါဖလားပိုင်ဆိုင်ခွင့်ရခဲ့တာက ပဲ့ကိုင်ရှင်ကြီး ဇီဒန်းနဲ့ ဘန်ဇီမာ၊ ရာမို့စ်၊ ကော်တွိုက်တို့နဲ့ ကျန်ကစားသမားအားလုံး ညီညွတ် မျှတစွာ ပါဝင်ကစားခဲ့ကြလို့ ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်ခင်ဗျာ။                                          

(SO)






အခြားဆက်စပ်သတင်းများ