နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်​ကုန်​မြို့ပတ်​ရထားလမ်​းပိုင်​းတွင်​ ရထားလမ်​းကူး လူကူးခုံး​ကျော်​တံတားငယ်​များ​ နေရာအလိုက်​ တည်​​ဆောက်​

ရန်ကုန်၊  ဇူလိုင် ၂၅

ရန်​ကုန်​မြို့ပတ်​ရထားစီးခရီးသွားများ လုံခြုံစိတ်​ချစွာ သွားလာနိုင်​​စေရန်​  မြန်​မာ့မီးရထား တိုင်​း(၇) မြို့ပြ အင်​ဂျင်​နီယာဌာန၊ ရန်​ကုန်​ဘူတာကြီးမှ FOB စနစ်​ဖြင်​့ ရထားလမ်​းကူး လူကူးခုံး​ကျော်​တံတားငယ်​ ၃ စင်​းကို တာဝန်​ယူ​ဆောင်​ရွက်​လျက်​ရှိရာ စက်​တင်​ဘာလကုန်​ပိုင်​း အပြီး​ဆောင်​ရွက်​ရန် လျာထား​ကြောင်​း သိရသည်​။

"အဆင်​့မြှင်​့တင်​​ဆောင်​ရွက်​​နေတဲ့ ရန်​ကုန်​မြို့ပတ်​ရထားလမ်​းပိုင်းမှာ လူကူးခုံး​ကျော်​တံတားငယ်​ ၃ စင်​း ကို ဒီနှစ်​ဘတ်​ဂျက်​မှာ တည်​​ဆောက်​​နေပါတယ်​။ စက်​တင်​ဘာလကုန်​ပိုင်​း​လောက်​​တော့ အပြီးလျာထားတယ်။ အဓိက က​တော့ မြို့ပတ်​ရထားလမ်​းပိုင်​းကို အဆင်​့မြှင်​့တင်​ပြီးတဲ့အခါမှာ ရထားလမ်​းမိုင်​ဟာ ယခင်​ထက်​ မြန်​ပြီး​ မောင်​းမယ်​။ ရထား​တွေဟာလည်​း ယခုထက်​ပိုပြီး အဆင်​့မြင်​့တဲ့ရထား​တွေဖြစ်​လာမယ်​။ ဒီအတွက်​ရထားစီးခရီးသွား​တွေဟာ ထွက်​ချိန်​မြန်​ပြီး စီးလို့လည်​း ပိုမို​ကောင်​းမွန်​လာမယ့် ရထား​တွေကို စီးနိုင်​​တော့မှာ​ ပေါ့။ ဒါ့အပြင်​ နောက်​​ရောက်​လာမယ့်ရထား​တွေရဲ့အမြင်​့နဲ့အညီ ဘူတာ​တွေမှာ ပလက်​​ဖောင်​းကြီး​တွေကို  အဆင်​့မြှင်​့လိုက်​တဲ့အတွက်​ ပလက်​​ဖောင်​း​တွေမြင်​့သွားတယ်​။ ရထားလမ်​းရဲ့ ဟိုဘက်​ခြမ်​း ဒီဘက်​ခြမ်​း​ လျှောက်​လမ်​း​တွေက အမြင်​့ကြီး​တွေဖြစ်​လာတယ်​။ ဒီ​တော့ ပလက်​​ဖောင်​းက​နေဆင်​းပြီး ဟိုဘက်​ခြမ်​း ဒီဘက်​ခြမ်​းကို ကူးဖို့ ရထားလမ်​း​ကျော်​မယ်​ဆိုရင်​ ရုတ်​တရက်​သွားလာဖို့က ခရီးသွား​တွေအ​နေနဲ့ အ​တော်​ကို အသက်​အန္တရာယ်​များပါတယ်​။ ဒီအတွက်​ ရထားလမ်​းကူး လူကူးခုံး​ကျော်​တံတား​တွေကို အသစ်​တည်​​ဆောက်​ရတာပါ။ အဓိက က​တော့ လူ​တွေရဲ့ အသက်​အန္တရာယ်​ကို လုံခြုံဖို့အတွက်​ ပြည်​သူ​တွေ လုံခြုံစိတ်​ချစွာ တံတား​ပေါ်က​နေ     ကူးနိုင်​ဖို့​ ဆောင်​ရွက်​တာပါ"ဟု မြန်​မာ့မီးရထား(မြို့ပြ) အင်​ဂျင်​နီယာဌာန တံတား​ပေါင်​အလုပ်ရုံ (မလွှကုန်​း) အင်ဂျင်နီယာမှူး ဦး​မောင်​ချိုက ​ပြောသည်​။

ထို ရန်​ကုန်​မြို့ပတ်​ရထားလမ်​း​ပေါ်ရှိ ရထားလမ်​းကူးလူကူးခုံး​ကျော်​တံတားငယ်​များကို မြန်​မာ့မီးရထား  တိုင်​း(၇) မြို့ပြအင်​ဂျင်​နီယာဌာန ရန်​ကုန်​ဘူတာကြီးမှ FOB စနစ်​ဖြင်​့ တာဝန်​ယူတည်​​ဆောက်​ခြင်​းဖြစ်​သည်​။ ယခုနှစ်​ဘတ်​ဂျက်​တွင်​လည်​း အသစ်​ထပ်​မံတည်​​ဆောက်​​နေ​သော ရထားလမ်​းကူး လူကူးခုံး​ကျော်​တံတားငယ်​သည်​ လှည်​းတန်​းနှင်​့ ကမာရွတ်​အကြားတွင်​ တစ်​စင်​း၊ ကြက်​ဘဲ​ဈေးအနီး မလွှကုန်​းနှင်​့ ​မေတ္တာညွန်​့အကြားတွင်​တစ်​စင်​း၊ အလုံဘူတာအထွက်​အနီးတွင်​ တစ်​စင်​း အပါအဝင်​ ၃ စင်​းဖြစ်​​ကြောင်​း သိရသည်​။ ထိုလူကူးခုံး​ကျော်​ တံတားငယ်​ကို ယခုနှစ်​ ၂၀၂၀ ပြည့်နှစ် စက်​တင်​ဘာလကုန်​ပိုင်​း အပြီးတည်​​ဆောက်​သွားရန်​ အရှိန်​အဟုန်​မြှင့်​ ဆောင်​ရွက်​​နေ​ကြောင်​း သိရသည်​။

ထို့ပြင်​ ရထားဘူတာများတွင်​ အသစ်​ထပ်​မံ​ရောက်​ရှိလာမည်​့ မြို့ပတ်​ရထားများ၏ အမြင်​့အတိုင်​း ရထားပေါ်မှ ဆင်​းလိုက်​သည်​နှင်​့ ဘူတာပလက်​​ဖောင်​းသိူ့ ​ပြေပြစ်​စွာဆင်​းနိုင်​ရန်​ ယခင်​ထက်​ ပလက်​​ဖောင်​း များမြှင်​့ကာ အသစ်​တည်​​ဆောက်​​​နေ​ကြောင်​း သိရသည်​။
ပြီးခဲ့သည်​့ ဘဏ္ဍာ​ရေးနှစ်​ဘက်​ဂျက်​တွင်​  ရန်​ကုန်​မြို့၏ မြို့ပတ်​ရထားလမ်​းကို​ ကျော်​ဖြတ်​ပြီး လူကူးခုံး​ ကျော်​ တံတားငယ်​ ၅ စင်​း တည်​​ဆောက်​နိုင်​ခဲ့ပြီးဖြစ်​သည်​။ ထိုအသစ်​တည်​​ဆောက်​ပြီးစီးသွား​သော  ရထား လမ်​းကူး လူကူးခုံး​ကျော်​တံတားငယ်​များသည်​ လှည်​းတန်​းနှင်​့ ကမာရွတ်​ကြားတွင်​ တစ်​စင်​း၊ အင်​းစိန်​နှင့် ရွာမ အကြားတွင်​ တစ်​စင်​း၊ ရွာမနှင်​့ ​ဖော့ကန်​အကြား တစ်​စင်​း၊ မင်္ဂလာဒုံဘူတာတည်​့တည်​့တွင်​ တစ်​စင်​း၊ မလွှကုန်း ဘူတာအထွက်​ ရန်​ကုန်​ဘက်​အခြမ်​းတွင်​ တစ်​စင်​းရှိ​ကြောင်​း သိရသည်​။

ယခုအခါ ရန်​ကုန်​မြို့ပတ်​ရထားလမ်​း​ပေါ်တွင်​ လူကူးခုံး​ကျော်​တံတားငယ်​​ပေါင်​း အစင်​း ၃၀ ခန်​့ရှိ​ကြောင်း သိရသည်​။
ထို့ပြင်​ ကားလမ်​းကူး Level Crossing များကိုလည်​း ရန်​ကုန်​မြို့ ပတ်​ဘူတာအဆင့်​မြှင်​့တင်​​ရေး စီမံကိန်​း မှ တာဝန်​ယူ​ဆောင်​ရွက်​​နေ​ကြောင်​း သိရသည်​။

(မင်​းခ)






အခြားဆက်စပ်သတင်းများ