နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်ရှိဈေးများတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လိုက်လံဆောင်ရွက်

ရန်ကုန်၊  ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ လှိုင်ဈေးကြီး၊ အမှတ်(၃)ရပ်ကွက်ရှိ ရတနာမွန်ဈေးနှင့် အမှတ်(၁၂) ရပ်ကွက်ရှိ လှိုင်ရတနာဈေး၊ အမှတ်(၁၄)ရပ်ကွက်ရှိ အုတ်ကျင်းစျေးတို့တွင် ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီမှစ၍ လှိုင်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကြက်‌ခြေနီ အသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဈေးအသီးသီးရှိ တာဝန်ခံများ ပူးပေါင်း၍ ဈေးရောင်း‌၊စျေးဝယ် ပြည်သူများအား လက်ကမ်းစာစောင်များဝေခြင်း နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန်နှင့် လက်အိတ်များကို အသုံးပြုကြရန်အတွက် အုပ်စုအဖွဲ့လိုက်ဖြင့် လိုက်လံ၍ အသိပညာ ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့စဉ်။

ကြည်ဇေသော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ