နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂြိုဟ်တုဖျက်လက်နက် စမ်းသပ်ပစ်လွှတ်သည်ဆိုသည့် စွပ်စွဲချက်များမှာ အရှိတရားကို ပုံဖျက်ထားခြင်းဖြစ်သည်ဟု ရုရှားတုံ့ပြန်

ဇူလိုင် ၂၅၊ မော်စကို

ရုရှားနိုင်ငံက အာကာသအတွင်း ဂြိုဟ်တုဖျက်လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့သည်ဆိုသည့် အမေရိကန် နှင့် ဗြိတိန်နိုင်ငံ၏ စွပ်စွဲချက်များမှာ အရှိတရားကို ပုံဖျက်ထားသည့် အလိမ်အညာများဖြစ်သည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ''ဇူလိုင်လက ၁၅ ရက်က လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ တခြားအာကာသယာဉ်တွေအတွက် ခြိမ်းခြောက်မှု မဖြစ်စေပါဘူး''ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ထို့အပြင် ယင်းတို့၏လုပ်ရပ်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာမရောက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားနိုင်ငံ၏ အာကာသကိရိယာများကို စစ်ဆေးရန်အတွက် နည်းပညာသစ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အစောပိုင်းတွင် ရုရှားနိုင်ငံက ပြောခဲ့သည်။ သို့သော် အမေရိကန်နှင့် ဗြိတိန်နိုင်ငံက ရုရှားနိုင်ငံ၏ ဂြိုဟ်တုဆိုင်ရာ လှုပ်ရှားမှုများကို စိုးရိမ်မိသည်ဟု ဆိုသည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့်ရက်သတ္တပတ်တွင် ဗီယင်နာမြို့၌ အာကာသလုံခြုံရေးအတွက် မျက်နှာချင်း ဆိုင် အစည်းအဝေး ကျင်းပမည်ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုတွင် ကမ္ဘာ့အပြင်ဘက် အာကာသမှာ ဥပဒေမဲ့၊ အထိန်းအကွပ်မဲ့ ပိုင်နက်တစ်ခုမဟုတ်ကြောင်း အလေးပေးပြောဆိုရန် အခွင့်အရေးရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခရစ္စတိုဖာဖို့ဒ်က ပြောသည်။  
                                                      
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ