နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါသစ်များ မပေါ်ပေါက်စေရန် ဗီယက်နမ်နိုင်ငံတွင် သားရဲတိရစ္ဆာန်တင်သွင်းမှု ပိတ်ပင်

ဇူလိုင် ၂၅၊ ဟနွိုင်း

ကပ်ရောဂါသစ်များ ပေါ်ပေါက်လာနိုင်ခြေ လျှော့ချရန်အတွက် သားရဲတိရစ္ဆာန်နှင့် သားရဲတိရစ္ဆာန် ထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဗီယက်နမ်နိုင်ငံက ပိတ်ပင်ခဲ့သည်။ ထို့အပြင် အွန်လိုင်းပေါ်မှ ရောင်းချမှုအပါအဝင် သားရဲတိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ ရောင်းချသည့် ဈေးများကိုလည်း ပိတ်ပင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံမှာ တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည့် သင်းခွေချပ်အကြေးခွံ၊ ကြံ့ဦးချို စသည့် ပစ္စည်းများရောင်းချမှုကို မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲခံခဲ့ရဖူးသည်။ သားရဲတိရစ္ဆာန် များရောင်းချမှုမှာ ရောဂါပိုးမွှားများ ပေါက်ဖွားစေနိုင်သည်ဟု အချိန်အတော်ကြာကတည်းက သိပ္ပံပညာရှင်များက သတိပေးခဲ့ဖူးသည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါမှာ သားရဲတိရစ္ဆာန်ကုန်ကူးမှုမှ အစပြုခဲ့ခြင်းဖြစ်ဖွယ်ရှိ သည်ဟု ယူဆထားကြသည်။ လင်းနို့များမှ ဖြစ်ပွားလာသည့် ဗိုင်းရပ်စ်မှာ အခြားတိရစ္ဆာန်တစ်ကောင်ထံမှ တစ်ဆင့် လူများကို ကူးစက်ခဲ့ခြင်းဖြစ်သည်။ လင်းနို့မှ လူထံသို့ ရောဂါကူးစက်စေသည့် ကြားခံတိရစ္ဆာန်မှာ ကြွက်များ၊ သင်းခွေချပ်များနှင့် ‌ကြောင်ကတိုးတို့ ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ ''သားရဲတိရစ္ဆာန် အသေပဲ ဖြစ်ဖြစ်၊ အရှင်ပဲဖြစ်ဖြစ် တင်ပို့မှု၊ သူတို့ရဲ့ဥတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ သူတို့ဆီကနေ ထုတ်ယူထားတဲ့ ပစ္စည်းတွေ တင်သွင်းမှုကို ဆိုင်းငံ့ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပါတယ်''ဟု ဗီယက်နမ်အစိုးရဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခင် ကပ်ရောဂါများတွင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသည့် ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်ရချိန်တွင် ပိတ်ဆို့မှုများ စောလျင်စွာ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် လူသေဆုံးမှုမရှိခဲ့ပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ